DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ကလေးငယ်၂ ဦး ဆိုင်ကယ်တိုက်ခံရပြီးသေဆုံး
DVB
·
March 13, 2017
Donate to DVB

ကလေးမြို့၊ မြို့သာရပ်ကွက် ကလေး-ဂန့်ဂေါလမ်းမကြီးပေါ်မှာ ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၂ ဦး သေဆုံးသွားပါတယ်။

ကလေးမြို့မရဲစခန်း တာဝန်ရှိသူ ရဲအုပ်တဦးက “စူပါကတ် ဆိုင်ကယ်နဲ့ ၂ ယောက်တစီး။ အဲဒီမှာ လမ်းအနောက်ခြမ်းကနေ Ray အမျိုးအစား ဇီးရောင်ဆိုင်ကယ်က လမ်းပေါ်ဖြတ်အတက် တိုက်မိတာ။ ကလေးတဦးက နေရာမှာတင် ဦးခေါင်းပွင့်ပြီး သေဆုံးသွားတယ်။ တဦးကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်" လို့ ဆိုပါတယ်။

ကလေးတွေကို တိုက်သွားတဲ့ ဆိုင်ကယ်ကတော့ ထွက်ပြေးသွားတာဖြစ်ပြီး သားရေဂျာကင်ဝတ်ထားတဲ့ အမျိုးသားတဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

သေဆုံးတဲ့ကလေးတွေဟာ အသက် ၁၃ နှစ်၊ ၁၄ နှစ် အရွယ်တွေလို့ ခန့်မှန်းရပြီး သူတို့ရဲ့မိသားစုက ဆက်သွယ်လာတာ မရှိသေးလို့ သူတို့နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို မသိရသေးပါဘူး။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ကလေးမြို့မရဲစခန်းက တိုက်ပြီး ထွက်ပြေးသူကို လိုက်လံစုံစမ်းနေပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့်သွားမယ်လို့လည်း ရဲအုပ်လယ်မန်းက ဆိုပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013