DVB Logo
Home
မြန်မာသတင်း
လယ်သမားများထံက လာဘ်ငွေတောင်းခဲ့သည် မြေစာရင်းအရာရှိကို ဖမ်းဆီးအရေးယူ
DVB
·
March 13, 2017
လယ်သမားများထံက လာဘ်ငွေတောင်းခဲ့သည် မြေစာရင်းအရာရှိကို ဖမ်းဆီးအရေးယူ
Donate to DVB

ပဲခူးတိုင်းအတွင်းရှိ လယ်သမားတွေထံကနေ ကျပ်ငွေ ၂၅ သိန်းကျော် လာဘ်ငွေတောင်းယူတဲ့ အတွက် မြေစာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူးတဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီး အရေးယူလိုက်တယ်လို့ တောင်ငူမြို့ အမှတ် (၂) ရဲစခန်းက သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့အမှတ် (၂) နယ်မြေရဲစခန်းမှာ မတ်လ ၁၂ ရက်နေ့က တောင်ငူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးမြင့်သိန်း (၄၂ နှစ်)ကို ဖမ်းဆီးထားတာလို့ တောင်ငူရဲစခန်း တာဝန်ရှိသူတဦးကပြောပါတယ်။

“ဟုတ်ပါတယ်။ အမှုဖွင့်ခံထားရတဲ့သူကိုလည်း ဖမ်းမိထားပါပြီ။ ကော်မရှင်ကစစ်ဆေးပြီး တိုင်စာနဲ့ လာတိုင်တာဆိုတော့ ကျနော်တို့က စစ်ဆေးစရာ မလိုတော့ဘူး။ မနက်ဖြန် တရားတန်းစွဲမှာပါ။”

ဦးမြင့်သိန်းဟာ တောင်ငူမြို့နယ် တိုက်နယ်အမှတ် ၁၊ တာဝန်ခံ အဖြစ်ဆောင်ရွက်စဉ်က မြောက်ရေကြည်ကျေးရွာအုပ်စုရှိ လယ်ယာမြေ ၈၅၀ ဧကလောက်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်စံ (၇) ထုတ်ပေးဖို့အတွက်ဆိုပြီး ၁ ဧကလျှင်ငွေကျပ် ၃၀၀၀ နှုန်းနဲ့ ၂၀၁၃ အောက်တိုဘာ ၁၆ ရက်မှာ ငွေကျပ် ၁၂ သိန်း၊ ၂၀၁၃ အောက်တိုဘာ ၃၁ ရက်မှာ ငွေကျပ် ၁၃ သိန်း ၅ သောင်းစုစုပေါင်း ၂၅သိန်း ၅ သောင်းကို တောင်ငူ ၁၅ ရပ်ကွက်နေ ဦးကျော်ဝေလင်းထံက တံစိုး လက်ဆောင်လက်ခံရယူခဲ့တယ်လို့ စစ်ဆေးပေါ် ပေါက်ခဲ့တယ်လို့ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး နေပြည်တော် အဂတိတိုက်ဖျက်ရေးကော်မရှင် ဦးစီးအရာရှိ ဦးအေးဝင်းအောင် (စစ်ဆေးရေး)ကနေပြီး မတ်လ ၁၂ ရက်နေ့မှာ တောင်ငူအမှတ် (၂) နယ်မြေရဲစခန်းကို လာရောက်တိုင်တန်းခဲ့တာဖြစ်ပါတယ်။
သားကြီး(တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013