DVB Logo
Home
မြန်မာသတင်း
ထိုင်း ကားမတော်တဆတိုက်မှု မြန်မာအလုပ်သမား ၂ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ (ရုပ်သံ)
DVB
·
March 13, 2017
ထိုင်း ကားမတော်တဆတိုက်မှု မြန်မာအလုပ်သမား ၂ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံ မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင် ကမ်ဖိုင်ဖစ်မြို့နယ်ထဲမှာ မတ်လ ၁၂ ရက်နေ့ မနက်က ထရပ်ကားရဲ့ နောက်မြီးကို ခရီးသွားဗန်ကားတစီးက တိုက်မိလို့ မြန်မာအလုပ်သမား ၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီမတော်တဆကားတိုက်မှုက ကမ်ဖိုင်ဖစ်မြို့ နခွန်းချွန်းရပ်ကွက်အပိုင် အာရှလမ်းမကြီးပေါ်က ဓာတ်ဆီဆိုင်အနီးမှာ မနက် ၅ နာရီ ၄၀ မိနစ်က ဖြစ်ခဲ့တာလို့ ကမ်ဖိုင်ဖစ်ခရိုင် စုံစမ်းစစ်ဆေးရေး ရဲအရာရှိဖြစ်သူ ၀ီရော့ခ်ျကန်ထမာလာက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဗန်ကားမောင်းသမား ချက်ချိုင်ဖူဖနီက မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးကို တင်ဆောင်ပြီး ပထုံဌာနီခရိုင်ကနေ တာ့ခ်ခရိုင် မဲဆောက်မြို့ကို မောင်းနှင်လာစဉ် ထရပ်ကားရဲ့နောက်မြီးကို ဝင်ဆောင့်မိတာလို့ စုံစမ်းစစ်ဆေးရေးရဲက ပြောပါတယ်။

ကားတိုက်တဲ့နေရာမှာပဲ အမည်မသိ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့ မြန်မာအလုပ်သမား ၁၁ ဦးထဲမှာ ၃ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
ဗန်ကားမောင်းသမားနဲ့ သူ့ရဲ့ဇနီးလည်း ဒဏ်ရာရရှိပြီး အားလုံးကို ဆေးရုံပို့ထားတယ်လို့ သိရပါတယ်။ ရဲတွေက ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာကို စုံစမ်းစစ်ဆေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013