DVB Logo
Home
မြန်မာသတင်း
မြောက်ဦးနှင့်မင်းပြားတွင် လေဆင်နှာမောင်းတိုက်ခတ်၊ နေအိမ်အချို့ပျက်စီး
DVB
·
March 12, 2017
မြောက်ဦးနှင့်မင်းပြားတွင် လေဆင်နှာမောင်းတိုက်ခတ်၊ နေအိမ်အချို့ပျက်စီး
Donate to DVB

ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့ မင်းပြားတို့မှာ ဒီနေ့ မနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်လို့ နေအိမ်အချို့ ပျက်စီးဆုံးရှုံးသွားပါတယ်။

မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာမှာ နေအိမ် ၂၅ လုံး ပျက်းစီးသွားပြီး မြောက်ဦးမြို့၊ ညောင်းပင်ဈေးမှာ နေအိမ်အချို့ပျက်စီးပြီး သစ်ပင်တွေပြုလဲကျသွားပါတယ်။ ဒါ့အပြင် မင်းပြားမြို့ကင်းဆိပ်ထွက်ဝ စစ်မှုထမ်းဟောင်း တွေရဲ့ရုံး အချို့နဲ့ ကွန်ကရစ်ဓာတ်တိုင်အချို့ ကျိုးကျပျက်စီးသွားတာပါ။

လက်တလောတလောမှာ လူပေါင်း ၂၀၀ လောက် ကျော်အိုအိမ်မဲ့တွေဖြစ်သွားကြပြီး ပျက်စီးသွားတဲ့နေအိမ်အချို့ကို ပြုပြင်နေကြတယ်လို့ မြောက်ဦးမြို့ ညောင်းပင်ဈေးမှာနေထိုင်သူ ကိုအာကာစိုးက ဒီဗွီဘီကိုပြောပါတယ်။

ကျောက်တော်မြို့မြို့နယ် အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့မှ ကိုဇော်ဝင်းက “အိမ်ခေါင်းမိုးတွေအကုန်လန်ပါ သွားတယ်။ ဘာမှမကျန်လိုက်တော့ဘူး။ အိုးတွေခွက်တွေက ဘာမှမရလိုက်တော့ဘူး။ လောလောဆယ် ချက် စားဖို့နေရာ၊ အိုးခွက်ပန်းကန်တွေမရှိတော့ဘူး။ ကျနော်တို့လည်း တတ်နိုင်သလောက် ကူညီဆောင်ရွက်နေတယ်။ လက်တလော မိုးကာတွေ၊ စားဖို့ သောက်ဖို့ လိုနေတယ်။ သက်ဆိုင်ရာကို အကြောင်း ကြားထားပြီးပါပြီ။ ကူညီမှုတွေကတော့ မရှိသေးဘူးခင်ဗျ။”

မတ် ၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းအုပ်စု ရွှေပြည်ကျေးရွာအပါအဝင် ဘုန်းကြီးကျောင်းအချို့လည်း လေဆင်နှာမောင်းတိုက်ခတ်လို့ လူနေအိမ် ၄၅ လုံး ပျက်စီးသွားခဲ့ပါတယ်။

အဆိုကိစ္စနဲ့ပတ်သက်လို့ မြောက်ဦးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နဲ့ သက်ဆိုင်ရာတွေကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဆယ်သွယ်လို့ မရရှိခဲ့ပါဘူး။

သတင်း-ဝဏ္ဏခွာညို- ဓာတ်ပုံ-ဦးထွန်းသာစိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013