DVB Logo
Home
မြန်မာသတင်း
ရွှေကျင်တွင် ရွှေထွက်သည့်သတင်းကြောင့် လူ ၅၀၀ ကျော် စုဝေးရောက်ရှိလာ
DVB
·
March 12, 2017
ရွှေကျင်တွင် ရွှေထွက်သည့်သတင်းကြောင့် လူ ၅၀၀ ကျော် စုဝေးရောက်ရှိလာ
1 / 7
Donate to DVB

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက ၀င်းခနိမ်ရွာမှာ ကျောက်တုံးတွေကို ထုခွဲရာက ရွှေထွက်ရှိတဲ့ သတင်းကြောင့် လူ ၅၀၀ ကျော် စုဝေးရောက်ရှိလာလို့ ကေအန်ယူတပ်ဖွဲ့က လုံခြုံရေးယူထားပေးရပါတယ်။

ရွှေကျင်မြို့နယ်၊ ရဲတပ်ဖွဲ့က စခန်းမှူး ရဲမှူးသန်းထွန်းက ဖေဖော်ဝါရီ ၂၈ ရက်မတိုင်မီကတည်းက ရွှေထွက်ရှိခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၆၀ကျော်အနက် အိမ်ခြေ ၄၀ လောက်က ရွှေ ၁ ပိဿာခလောက်ရှိခဲ့ကြတယ်လို့ ပြောပါတယ်။

ရွှေကျင်မြို့၊ ပန်းဘဲတန်းရပ်ကွက်နေ ဦးသိန်းဝင်းဆိုသူ ပိုင်တဲ့မြေကွက်ကနေ ရွှေ ရှာတွေ့ခဲ့ကြတာလို့လည်း စခန်းမှူးက ပြောပါတယ်။

“ဦးသိန်းဝင်း လုပ်တုန်းက ရှုံးတယ်၊ ရှုံးလို့ သူ မလုပ်တော့ဘဲ ဖို့ပစ်ခဲ့တယ်။ ဖေဖော်ဝါရီ ၂၈ မတိုင်မီမှာပဲ အဲ့နေရာကို ၀င်းခနိမ်ရွာသားတွေ လက်လုပ်လက်စားလေးတွေပေါ့၊ တူလေးတွေနဲ့ထုပြီးတော့ လုပ်ကိုင်စားသောက်တဲ့သူတွေက အဲ့ဒီမှာ သွားတွေ့တာ၊ တွေ့တော့ ရွှေကျင်ကြတာပေါ့နော်။ ရွှေကျင်တယ်၊ တွေ့တယ် တွေ့တယ် ဆိုတဲ့ အနေအထားနဲ့ ဖေ့စ်ဘွတ်ခ်ပေါ် တက်လာတယ်။ လောလောဆယ်အခြေအနေကတော့ ကေအန်ယူ တပ်မဟာ ၃ ကနေ လုံခြုံရေး ချထားပြီး ဆောင်ရွက်နေတယ်။”

ပိုင်ရှင်ဖြစ်တဲ့ ဦးသိန်းဝင်းဟာ သတ္တုတွင်းဝန်ကြီးဌာနမှာ ရွှေတူးခွင့်လျှောက်ထားပြီး လုပ်ကိုင်နေတာ ဖြစ်ပြီး သူ တူးတုန်းက ရွှေမထွက်ဘဲ ရွာသားတွေတူးမှ ရွှေထွက်လာတာလည်း ဖြစ်ပါတယ်။

ဝင်းခနိမ်ရွာက နတ်ပွဲတခုမှာ ရွာသားတွေကို မစ မယ် ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက် ရွှေတူးဖော်တွေ့ရှိတာ ဆိုတဲ့ ကောလဟာလသတင်းလည်း ထွက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013