DVB Logo
Home
မြန်မာသတင်း
ကလေးတနယ်လုံး ဆွမ်းလောင်းပွဲ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များ ပါဝင်ကုသိုလ်ပြု
DVB
·
March 12, 2017
ကလေးတနယ်လုံး ဆွမ်းလောင်းပွဲ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များ ပါဝင်ကုသိုလ်ပြု
1 / 8
Donate to DVB

ကလေးတနယ်လုံးဆိုင်ရာ ရတနာပုံ ရွှေဘုံသာ စေတီတော်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်အဖြစ် ဒီနေ့ကျရောက်တဲ့ တပေါင်းလပြည့်နေ့မှာ ကျင်းပခဲ့ပြီး ထူးထူးခြားခြား ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေလည်း ပါဝင် ကုသိုလ်ပြုခဲ့ပါတယ်။

"အရင်တုန်းက မလုပ်ခဲ့ဘူး။ ဒီနှစ်တော့ ပထမဆုံး ဘာသာပေါင်းစုံ စုပြီး ကျင်းပဖြစ်ခဲ့တယ်။ ပျော်စရာလည်း ကောင်းသလို၊ ပြောမပြတတ်အောင်လည်း ဝမ်းသာပီတိဖြစ်မိပါတယ်" လို့ ကာယကံမေတ္တာ နာရေးကူညီမှု အသင်းက ဦးအောင်သော်က ပြောပါတယ်။

ရတနာပုံ ရွှေဘုံသာ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေမှာ စည်ကားစွာ ကျင်းပခဲ့ပြီး ပွဲတော်မကျင်းပခင် တစ်လ အလိုအချိန်ကတည်းက ယူ ၂၀ ဘောလုံး အားကစားပြိုင်ပွဲ၊ ခြင်းလုံး စတဲ့ အားကစားပွဲတွေကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။

"ဒီမှာ ပါဝင်ရတာ ပျော်တယ်။ ချင်းရယ်၊ ဗမာရယ် မခွဲပဲ အတူတူ ငြိမ်းချမ်းစွာ နေလာတဲ့ အစဉ်အလာရှိတဲ့ ကျမတို့မြို့လည်း ဖြစ်ပါတယ်။ ချင်းရိုးရာပွဲတွေမှာလည်း ဗမာတွေ ပါဝင်တယ်။ သူတို့ ပွဲတွေမှာလည်း ကျမတို့ ပါဝင်ရတာပေါ့" လို့ ခရစ်ယာန်ဘာသာဝင် ချင်းအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒီနေ့ ကျင်းပတဲ့ ရတနာပုံရွှေဘုံသာ ဗုဒ္ဓပူဇနိယပွဲတော်မှာ ဗုဒ္ဓဘာသာတွေက ဆွမ်းလောင်းကုသိုလ်ပြုကြပြီး ဆွမ်းလောင်းလာတဲ့ သူတွေကို ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေက မုန့်၊ အချိုရေ၊ ရေသန့် စတဲ့ အာဟာရတွေ စတုဒီသာကျွေးမွေးတာနဲ့ ပါဝင်ကုသိုလ်ပြုခဲ့ကြတာပါ။

ဆွမ်းလောင်းလာသူတွေအတွက် လုပ်ငန်းရှင်တချို့နဲ့ ဌာနဆိုင်ရာတွေကလည်း စတုဒီသာမဏ္ဍပ်တွေ တည်ခင်း ဧည့်ခံ ကျွေးမွေးခဲ့တဲ့အပြင် သံဃာအပါး ၉၀၀ ကိုလည်း ပင့်ဖိတ် ကုသိုလ်ပြုခဲ့ကြတာပါ။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013