DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်တိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်း လုံခြုံရေး တင်းကျပ် (ရုပ်သံ)
DVB
·
March 12, 2017
လောက်ကိုင်တိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်း လုံခြုံရေး တင်းကျပ် (ရုပ်သံ)
Donate to DVB

by dvburma

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လောက်ကိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  တရုတ်-မြန်မာနယ်စပ်က တရုတ်ဘက်ခြမ်းမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ပြီးခဲ့တဲ့ ၉ ရက်နေ့တုန်းကတော့ သူတို့ ဒီနန်းဆန်ထဲမှာပဲ လုံခြုံရေး တင်းကျင့်ထားတာ။ ပြီးတော့ နယ်စပ်နဲ့ ၂ ဖာလုံမသွားခိုင်းဘူး။ အဲနယ်စပ်နားက ဟိုတယ်တွေလည်း အကုန်ပိတ်ထားရတယ်။ အခုတော့ စစ်ကားတွေနဲ့ မနေ့ကတည်းက စပြီးတော့ လုံခြုံရေးတွေ လုပ်လာတယ်။ တော်တော်တော့ များတယ်" လို့ တရုတ်နိုင်ငံ နန်းဆန်ဒေသခံ ဝမ်အိုက်တင်က ပြောပါတယ်။

မတ်လ ၁၀ ရက်နေ့ကလည်း နန်းဆန်မြို့ရဲ့ မြောက်ဘက်မှာ လက်နက်ကြီး ကျရောက်မှုကြောင့် တရုတ်ဒေသခံတစ်ဦး သေဆုံးသွားတယ်လို့ နန်းဆန် သတင်းဌာနတစ်ခု ဖြစ်တဲ့ ကွမ်ပေါကျွေ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒေသခံတဦးကို မေးမြန်းရာမှာ " မနေ့က ကျနော်တို့ရွာ ရှောက်ချန်းကိုးမှာ ရွာဥက္ကဋ္ဌရဲ့ အိမ်ခေါင်းမိုးပေါ် ကျဉ်ဆန်တစ်လုံး ရောက်လာလို့ ခေါင်းမိုးရော ပေါက်သွားတယ်။ အဲတာကိုလည်း ရဲတွေ စစ်ဆေးချက်တွေ ယူပြီး ယူသွားတယ်။ ပြီးတော့ မနေ့ ၄ နာရီခွဲမှာ နန်းဆန်မြို့တိုက်ပေါ်မှာလည်း လက်နက်ကြီး ၂ လုံးကျလို့ ပြီးတော့ ကျနော်တို့တောင် ဗွီဒီယိုသွားရိုက်သေးတယ်" လို့ပြောပါတယ်။

"လက်ရှိကတော့ သူတို့တွေ လုံခြုံရေးကို တော်တော်တင်းကျပ်ထားတယ်။ အဲဒီနယ်စပ်နားလေးမှာပေါ့။ ပြီးတော့ လက်နက်ကြီး ခဏခဏကျလို့ ပြည်သူတွေလည်း စိုးရမ်နေကြတယ်။ သူတို့ ကြံခုတ်လို့ မပြီးသေးဘူးလေ" လို့ ဝမ်အိုက်တင်က ဆက်ပြောပါတယ်။

တိုက်ပွဲကြောင် မြန်မာဘက်ခြမ်းက စစ်ရှောင်ဒုက္ခသည်တွေ တရုတ်ပြည်ဘက် ခိုလှုံနေတာ ၂ သောင်းကျော်အထိရှိနေပါတယ်။

ကိုးကန့်တိုက်ပွဲက ၇ ရက်တိုင်တိုင် ရှိလာပြီဖြစ်ပေမယ် တိုက်ပွဲငြိမ်သက်သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေပါတယ်။

သတင်း - နိုင်နိုင်

ရုပ်သံ - တရုတ်ဘက်ခြမ်း ဒေသခံတဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013