DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် တရားမ၀င် ၀င်လာသူ တရုတ် ၅ ဦး ဖမ်းမိ
DVB
·
March 12, 2017
ဖားကန့်တွင် တရားမ၀င် ၀င်လာသူ တရုတ် ၅ ဦး ဖမ်းမိ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မှာ တရားမ၀င်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၅ ဦးကို တပ်မတော်က ဖမ်းမိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။

အခုလ ၇ ရက်က ဖားကန့်မြို့ အရှေ့မြောက်ဘက် ၂ ဖာလုံလောက်အကွာရှိ ဖားကန့်နမ့်မဖြစ်ကားလမ်းပေါ်မှာ မောင်းနှင်လာတဲ့ ပရာဒိုကားတစီးကို စစ်ကြောင်းက မသင်္ကာလို့ ရပ်တန့်စစ်ဆေးတုန်း ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

တရားမ၀င်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား အိုရွှေ့ရန်၊ ၀မ်မုန့်၊ လီရချီ၊ လျန်ကောင်းရွှင်နဲ့  ရှန်ကျုံးဝေ တို့ ၅ ဦးကို စစ်မေးချက်အရ သူတို့ဟာ ကျောက်အရောင်းအ၀ယ်လုပ်ဖို့ လာလေ့လာကြတယ်လို့ ဆိုပါတယ်။

သူတို့ ၅ ဦးဟာ နမ့်မဖြစ်ကျေးရွာ၊ ရပ်ကွက်(၁)နေ ဦးစိုင်းသိန်းထွန်းရဲ့နေအိမ်မှာ ငှားနေကြတယ်လို့ သိရတဲ့အတွက် အဲ့ဒီအိမ်ကို သွားရောက်ရှာဖွေရာမှာ ကျောက်စိမ်းရိုင်းလေးတုံးနှင့် တရားမ၀င် သယ်ဆောင်လာတဲ့ တစ်ဖက်နိုင်ငံထုတ် ဆေးဝါးပစ္စည်းမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၅ ဦး၊ အိမ်ပိုင်ရှင်၊ ကားမောင်းတဲ့သူ ၂ ဦးနဲ့ တရားမ၀င်သယ်ဆောင်လာတဲ့ပစည်းများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဖားကန့်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသို့စနစ်တကျ လွှဲပြောင်းအပ်နှံလိုက်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013