DVB Logo
Home
မြန်မာသတင်း
သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၁ ဦးကို ယန္တရားမျိုးစုံ ၉၉ စီးနှင့်အတူ ဖမ်းမိ
DVB
·
March 12, 2017
သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၁ ဦးကို ယန္တရားမျိုးစုံ ၉၉ စီးနှင့်အတူ ဖမ်းမိ
1 / 5
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးနယ်မြေအတွင်း သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို ယန္တရားမျိုးစုံ ၉၉ စီးနဲ့ အတူ တပ်မတော်က ဖမ်းဆီးမိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁၁ ရက် မနက်ပိုင်းမှာ သစ်ခိုးထုတ်နေတယ်ဆိုတဲ့သတင်းအရ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ဆောင်တုန်း ဖမ်းမိတာ ဖြစ်ပါတယ်။

ပထမဆုံး  မံဝိန်းကြီးကျေးရွာအုပ်စု၊ မံမော်ကျေးရွာရဲ့ အနောက်မြောက်ဘက် မီတာ ၇၀၀ လောက်အကွာမှာ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ ကော်ဝေးယုတ်၊ ယူချိန့်နဲ့ လီကျားရှင်တို့ ၃ ဦးကို တရားမ၀င်သစ်တင်ယာဉ် ယမ်းဖောင်အမျိုးအစား ၅၈ စီး၊ ၁၀ ဘီးယာဉ် ၄ စီး၊ ကရိန်းယာဉ် ၁ စီး၊ မြေကော်စက် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၆၄ စီးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီနောက် အနီးပတ်ဝန်းကျင်ကို ဆက်ရှင်းရာမှာ တရုတ်တွေဖြစ်တဲ့ ကိန်ရှန်ဖုန့်၊ လုအပ်ပို၊ လုံဝမ်ကျိန်၊ လျှိုဟန်ချန့်၊ ထန်တယ်ယိ၊ ရွှီးကျန်၊ ပုယင်ဝေ့နှင့် ချန်ယုလုံတို့ ၈ ဦးကို ယမ်းဖောင် အမျိုးအစားယာဉ် ၂၀ စီး၊ ၁၀ ဘီးယာဉ် ၁၄ စီးနှင့် မြေကော်စက် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၃၅ စီး တို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိတဲ့ တရုတ် ၁၁ ဦးနဲ့  တရားမ၀င်သစ်တင်ယာဉ် ၉၆ စီး၊ မြေကော်စက် ၂ စီးနှင့် ကရိန်းယာဉ် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၉၉ စီးတို့ကို  မံဝိန်းကြီးနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013