DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ် တဗွန်ပြယ်တွင် နို့စို့အရွယ်ကလေးငယ်များ ဝမ်းလျောဝမ်းပျက်ဖြစ်
DVB
·
March 12, 2017
ဆီဆိုင်မြို့နယ် တဗွန်ပြယ်တွင် နို့စို့အရွယ်ကလေးငယ်များ ဝမ်းလျောဝမ်းပျက်ဖြစ်
Donate to DVB

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စု တဗွန်ပြယ်ရွာမှာ နို့စို့အရွယ်ကလေးငယ်တွေ ဝမ်းလျောဝမ်းပျက်ဖြစ်နေကြပါတယ်။

အထူးသဖြင့် သုံးနှစ်အောက် ကလေးတွေနဲ့ နို့စို့ကလေးငယ်တွေဖြစ်ကြပြီး၊ မိဘတွေ အစားမှားလို့ဖြစ်တာမျိုးမဟုတ်ဘဲ ကူးစက်ရောဂါတမျိုး ပုံစံဖြစ်တယ်လို့ ကလေးမိခင်တဦးက ပြောပါတယ်။

''အစားမှားလားဆိုတော့လည်း မမှားဘူး၊ တရွာလုံးမှာရှိတဲ့ကလေးတွေ အားလုံးဝမ်းလျောဝမ်းပျက်ဖြစ်တာ၊ တချို့ကတော့ ဆီဆိုင်ဆေးရုံမှာ လာကုသသလို ဆေးရုံမတက်ဘဲ အိမ်မှာ ကုကြတာလည်းရှိပါတယ်၊ ကျမတို့ကတော့ ကျမတို့ကလေးအတွက် စိတ်ပူလို့ ဆေးရုံလာတက်တယ်၊ အခုတော့သက်သာနေပါပြီ” လို့ တဗွန်ပြယ်းကျေးရွာ ကလေးငယ်တစ်ဦးရဲ့မိခင် နန်းခိုင်ဦးကပြောပါတယ်။

"ကလေးတွေဟာ တစ်ကိုယ်ရေသန့်ရှင်းရေး မကောင်းလို့လည်း ဖြစ်နိုင်တယ်၊ သောက်ရေမသန့်လို့လည်း ဖြစ်နိုင်တယ်၊ အထူးသဖြင့် အများသုံးရေတွင်းတွေပေါ့၊ ဒီလိုနဲ့တရွာလုံး ကူးစက်နိုင်တယ်လို့" တောင်ကြီးမြို့ သူနာပြုဆရာမ တစ်ဦးကဆိုပါတယ်။

ဆီဆိုင်ဆေးရုံကို ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်နေတဲ့ နို့စို့အရွယ် ကလေး ၄ ဦး လာရောက်ကုသနေပြီး ရွာမှာကျန်ခဲ့တဲ့ ကလေးငယ်တွေကို ဆီဆိုင်မြို့နယ် နမ်းသြကျေးရွာရပ်ကျေးဆေးပေးခန်းက သူနာပြုဆရာမက သွားရောက်ကုသပေးနေပါတယ်။

ကျေးရွာနေပြည်သူတွေဟာ ကျန်းမာရေး အသိအမြင်နည်းပါးတဲ့အတွက် ရောဂါဖြစ်ပြီဆိုရင် ချက်ချင်းဆေးရုံ၊ ဆေးပေးခန်းတွေ သွားလေ့မရှိဘဲ မိမိထုံးတမ်းစဉ်လာနဲ့ ကုသကြတာကို တွေ့ရပါတယ်။

မတ် ၇ ရက်နေ့က စတင်ဖြစ်ပွားတာဖြစ်ပြီး ဆေးရုံမတက်သေး သူလည်း အများပြားရှိနေသေးကြောင်း တဗွန်ပြယ်းကျေးရွာမှာ အိမ်ခြေရှစ်ဆယ်ကျော်ရှိကြောင်းသိရပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013