DVB Logo
Home
မြန်မာသတင်း
မောင်တော ရဲတပ်ဖွဲ့ဝင်များကို လုံးထွေးသတ်ပုတ်ပြီး သေနတ်များ လုယူထွက်ပြေး
DVB
·
March 12, 2017
မောင်တော ရဲတပ်ဖွဲ့ဝင်များကို လုံးထွေးသတ်ပုတ်ပြီး သေနတ်များ လုယူထွက်ပြေး
Donate to DVB

မောင်တောမြောက်ပိုင်း နယ်မြေ ၂ အောင်ဇူကျေးရွာမှာ မတ် ၁၁ ရက်နေ့ ညနေလေးနာရီလောက်က မသင်္ကာဖွယ်တွေ့တဲ့ လူ ၅ ဦးအား ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတုန်း ရဲတပ်ဖွဲ့ဝင်တွေကို လုံးထွေးသတ်ပုတ်ပြီး သေနတ် သုံးလက်လုယူသွားခဲ့ပါတယ်။

ဆိုင်ကယ် ၅ စီးနဲ့ လာတဲ့ ဒိုင်းနက်လူမျိုး ၅ ဦး သယ်ဆောင်လာတဲ့ ဆာလာအိတ်နဲ့ ကျောပိုးအိတ်တွေကို အောင်ဇူရဲကင်းမှူးနဲ့ အဖွဲ့က ရှာဖွေစစ်ဆေးတဲ့အခါ ဘီယာဘူး၊ ဆားကစ်ပြားနဲ့ ရီမုကွန်ထရိုးတွေကို တွေ့ရှိလို့ ရဲစခန်းကို ခေါ်ယူစစ်ဆေးခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင် ၅ ဦးအား လုံးထွေးသတ်ပုတ်ပြီး ကျည်အိမ်နဲ့ ကျည်မပါတဲ့ ဘီအေ ၉၄ သေနတ် ၂ လက်၊ ကျည်အိမ်နဲ့ ကျည် ၁၅ တောင့်ပါတဲ့ ဘီဘေ ၆၃ တစ်လက်ကို လုယူပြီး ထွက်ပြေးသွားခဲ့တာပါ။

"ထွက်ပြေးသွားသူတွေနောက်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ခမရ ၅၃၆ တို့က လိုက်လံရှာဖွေတဲ့အတွက် ဘီအေ ၉၄ သေနတ် ၂ လက်ကို ရေမြောင်းထဲက ပြန်ရထားပါတယ်" လို့ လုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။

ထွက်ပြေးသွားသူ ၅ ဦးဟာ မြန်မာဘင်္ဂလားဒေ့ရှ် နယ်ခြား မိုင်တိုင် ၄၃ ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ယူဆထားပြီး ဖမ်းဆီးရမိဖို့အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။

မောင်တောခရိုင်ထဲမှာ အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားလာနိုင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သတိပေးထားပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့အချိန်မှာ အခုလို သေနတ်လုယူခံရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013