DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ထိ ဖြေဆိုသူ ၅၀၀ ကျော် ပျက်ကွက်
DVB
·
March 11, 2017
ကလေးမြို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ထိ ဖြေဆိုသူ ၅၀၀ ကျော် ပျက်ကွက်
1 / 7
Donate to DVB

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုရာမှာ ကလေးမြို့ တက္ကသိုလ်ဝင်တန်းဖြေဆိုမှု တတိယနေ့ သချာင်္ဘာသာအပြီးမှာ ဖြေဆိုသူ စာရင်းထက် ကျောင်းသား ၅၀၀ ကျော် ဖြေဆိုဖို့ ပျက်ကွက်ခဲ့ပါတယ်။

"ကျောင်းစာမေးပွဲဖြေဖို့ ပျက်ကွက်တယ်ဆိုတာ ဘာကြောင့်လဲဆိုတာတော့ အသေအချာ သိနိုင်မှာ မဟုတ်ဘူး။ အနီးစပ်ဆုံးကတော့ ကလေးတွေ ပညာရေးကို မလိုက်နိုင်ကြတာပဲ ဖြစ်ဖို့များတယ်။ ကျောင်းသားစရိတ်ဆိုတာ နည်းတာမဟုတ်ဘူး။ စီးပွားရေးအခြေအနေ မကောင်းကြဘူး။ ကျွန်တော့်သားဆို ဆယ်တန်း နှစ်မကုန်ခင် ကျောင်းထွက်တယ်။အိမ်က အဆင်မပြေတော့ သူက ကျောင်းမတက်တော့ဘူး။ အပြင်အလုပ်ပဲ လုပ်တော့မယ်ဆိုပြီး လက်သမားလုပ်နေတယ်" လို့ ကျောင်းသားမိဘတဦးက ဆိုပါတယ်။

ကလေးမြို့မှာ အထက်တန်းကျောင်း ၁၃ ကျောင်းနဲ့ အထကခွဲ ၁၂ ကျောင်းရှိတဲ့ အနက်က စာဖြေဌာနပေါင်း ၁၅ ခု ဖွင့်လှစ်ပြီး ဖြေဆိုသူ စာရင်းဦးရေ ၉၅၂၈ ဦး ရှိခဲ့ပြီး တတိယနေ့ သချာင်္ဘာသာ အပြီးမှာတော့ ၈၉၆၈ ထိသာ ဖြေဆိုသူ ကျန်နေပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၅၆၀ ဦး ပျက်ကွက်နေပြီ ဖြစ်ပါတယ်။

"အဓိက စာမေးပွဲဖြေတဲ့အထဲမှာ ကျောင်းတွင်းဖြေတွေ သိပ်မပျက်ကွက်ဘူး။ အပြင်ဖြေတွေ ပျက်ကွက်တာများတယ်။ တချို့ လေးငါးဆယ်နှစ်ဖြေနေတယ်။ တချို့ အိမ်ထောင်ကျ သားသမီးတွေရတဲ့အထိ ဖြေနေတယ်။ အဲ့လို အပြင်ဖြေတွေက ခရီးလွန်တာ၊ စာရင်းပေးပြီး လာမဖြေတာ များလို့ ပျက်ကွက်သူ များတာဖြစ်ပါတယ်" လို့ ကလေးမြို့ အထက ၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုပုံက ပြောပါတယ်။

အဲ့ဒီ ပျက်ကွက် ကျောင်းသား ၅၆၀ မှာ ကျောင်းသား ၂၈၈ ဦးနဲ့ ကျောင်းသူ ၂၇၂ ဦးတို့ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စာမေးပွဲမှာလည်း ဖြေဆိုသူ ၈၀၀၀ ကျော်ရှိတဲ့ အနက်က ၄၀၀ ကျော် ဖြေဆိုမှု ပျက်ကွက်ခဲ့ပါတယ်။

မင်းရဲစစ်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013