DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့တွင် ယာဉ်ငယ်တစီး မီးလောင်မှု ဖြစ်ပွား
DVB
·
March 11, 2017
တနင်္သာရီမြို့တွင် ယာဉ်ငယ်တစီး မီးလောင်မှု ဖြစ်ပွား
1 / 4
Donate to DVB

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ ကော့သောင်း မြိတ်လမ်းမကြီး ကမ္မလိုင်းကျေးရွာ (၅၅၈) တပ်ရင်း မိုင်တိုင်အမှတ် ၉၄ ဒသမ ၅ အနီးမှာ မတ်လ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီ လောက်က ယာဉ်ငယ်တစီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်တဲ့ ယာဉ်ငယ်ဟာ ကိုယ်ပိုင် အိမ်စီးကား တစီးဖြစ်ပြီး ကော့သောင်းကနေ မြိတ်မြို့ကို ယာဉ်မောင်း မျိုးဇော် မောင်းနှင်လာချိန် ၀ါယာကြိုးရှော့ခ်ဖြစ်ပြီး မီးလောင်ခဲ့တာဖြစ်ပါတယ်။

ယာဉ်ပေါ်ပါ လူ ၄ ဦး တစုံတရာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘူးလို့ တနင်္သာရီမြို့မရဲစခန်းရုံးက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်းတဦးက ပြောသည်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်မောင်း မျိုးဇော် ကို တနင်္သာရီမြို့မရဲစခန်းက (ပ) ၆၆/ ၂၀၁၇၊ ရာဇာသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း၊ ဇော်ဇော် (မြိတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013