DVB Logo
Home
မြန်မာသတင်း
ကြက်သွန်ဈေးနှုန်းမြင့်တက်ပေမယ့် တောင်သူများအတွက် အကျိုးအမြတ်နည်းနေ
DVB
·
March 11, 2017
ကြက်သွန်ဈေးနှုန်းမြင့်တက်ပေမယ့် တောင်သူများအတွက် အကျိုးအမြတ်နည်းနေ
Donate to DVB

စားသုံးသူတွေအတွက် ဈေးကြီးမြင့်မှုရှိနေတဲ့ ကြက်သွန်ဟာ စိုက်ပျိုးထုတ်လုပ်သူတွေ အတွက်တော့ အကျိုးအမြတ်နည်းနေလို့ အခက်ကြုံနေရပါတယ်။

“စားဖိုဆောင်သီးနှံတခုဖြစ်တဲ့ ကြက်သွန်နီ(အသစ်) လက်ရှိဈေးကွက်ပေါက်ဈေးက တစ်ပိဿာ ကို ၇၅၀၊ ၈၀၀ ရှိပါတယ်။ ဒါက ဘုရင်နောင်ကုန်စည်ဒိုင်ရဲ့ လက်ရှိပေါက်ဈေးပါ။ စိုက်ပျိုးရောင်းချသူ တောင်သူတွေအတွက်တော့ ပွဲရုံသွင်းဈေးဟာ (မြင်းခြံ) တပိဿာ ၇၀၀ ဈေးရှိပါတယ်။ တောင်သူတွေရဲ့ အရင်းက တပိဿာ ၆၀၀ ကျပ်လောက်ရှိပါတယ်။ ရာသီဥတုဖျက်စီးခံရမှု၊ လုပ်သားရှာပါးမှု၊ မြေသြဇာ ပိုးသတ်ဈေးကြီးမြင့်မှုနဲ့ ဈေးကွက်မတည်ငြိမ်မှု စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလို့ အခုလို အကျိုးအမြတ်နည်းနေတာ” လို့ ကြက်သွန်စိုက် တောင်သူတဦးဖြစ်တဲ့ မြင်းခြံခရိုင် တောင်သာ ကြာပို့ရွာက ဦးမောင်အေး က ဒီဗီဘီကိုပြောပါတယ်။

ကြက်သွန်စိုက်တောင်သူတဦးရဲ့ ကုန်ကျစရိတ်က တဧကကို သိန်း ၂၀ ကျော်ဝန်းကျင်လောက် ကုန်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013