DVB Logo
Home
မြန်မာသတင်း
ထန်းတပင်မြို့တွင် ကြိုးတချောင်းတည်းနှင့် ချစ်သူနှစ်ဦး ကြိုးဆွဲချသေဆုံး
DVB
·
March 11, 2017
ထန်းတပင်မြို့တွင် ကြိုးတချောင်းတည်းနှင့် ချစ်သူနှစ်ဦး ကြိုးဆွဲချသေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်က  လယ်ကွင်းအတွင်းရှိ သရက်ပင်ပေါ်မှာ မနေ့မနက်ပိုင်းက ၉ တန်းကျောင်းသားနဲ့ကျောင်းသူ ၂ ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

စေးဘိုကျေးရွာအုပ်စု၊ တောကုန်းကျေးရွာအနီးရှိ ထိုလွီဝါး အထက (ကရင်ကျောင်း) နေ ၁၉ နှစ်အရွယ် စောစိန်မာလင်းနဲ့ နော်ကဘိုးဖောတို့နှစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့တာလို့ ထန်းတပင်မြို့မရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။

“ကျောင်းသားလေးတွေဗျ၊ နှစ်ယောက်လုံးက သူတို့က ဘော်ဒါ အတူတက်တာလို့ တော့ အကြမ်းဖျင်းသိရယ်။ အခုသူတို့ ဖြစ်တာက လယ်ကွင်းထဲက သရက်ပင်မှာ ကြိုးက ၁၅ ပေလောက်ရှည်တယ်။ ဟိုဘက်ထိပ်ဒီဘက်ထိပ်မှာ သူတို့ ချည်ပြီးခုန်ချတဲ့ သဘောပေါ့။ ကြိုးကတော့ အရင်ကတည်းက တမင်ယူလာပုံရတယ်။”

သူတို့နှစ်ဦးလုံးမှာ ပြင်ပဒဏ်ရာတွေ မတွေ့ရှိရပဲ လည်ပင်းမှာ ကြိုးပွန်းညိုမဲဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။ သေဆုံးသူ နှစ်ဦးဟာ သမီးရည်းစားတွေဖြစ်ကြပြီး မိဘတွေက သဘောမတူတဲ့အတွက် ကြိုးဆွဲချသေဆုံးသွားတာလို့ အနီးပတ်ဝန်းကျင်ရှိ ရှားစေးဖိုရွာသားတဦးက ပြောကြောင်း ထန်းတပင်မြို့နယ် မြို့မရဲစခန်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

စောစိန်မာလင်း(ခ)ရှယ်လဲလယ်နဲ့ နောကဘိုးဖောတို့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ထန်းတပင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၇ နဲ့ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013