DVB Logo
Home
မြန်မာသတင်း
အယ်မူ မူဂျာဟစ်ဒင် အကြမ်းဖက်အဖွဲ့ဝင် ၁ ဦး ထပ် ဖမ်းမိ
DVB
·
March 11, 2017
အယ်မူ မူဂျာဟစ်ဒင် အကြမ်းဖက်အဖွဲ့ဝင် ၁ ဦး ထပ် ဖမ်းမိ
Donate to DVB

မောင်တောဒေသကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အယ်မူ မူဂျာဟစ်ဒင်အဖွဲ့က အဖွဲ့ဝင် ၁ ဦးကို မတ်လ ၆ ရက် ညနေပိုင်းမှာ ထပ်မံ ဖမ်းမီရမိပါတယ်။

မောင်တောမြို့နယ်၊ ဆင်သေပြင် အနောက်ရွာ ဗလီရှေ့ရွာလယ်လမ်းမှာ မောင်စိုး (ခ)ရှောင်ရှုးအာလောင် ဆိုသူကို ဖမ်းမိခဲ့တာဖြစ်ပြီး သူဟာ ကျီးကန်းပြင်ရွာ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ Aqu Mul Mujahidin အယ် မူ မူဂျာဟစ်ဒင် အဖွဲ့ဝင် ဖြစ်တယ်လို့ စစ်ဆေးဖော်ထုတ် တွေ့ရှိပါတယ်။

မောင်စိုး (ခ)ရှောင်ရှုးအာလောင် နဲ့အတူ အရိုးအသွား ၉ လက်မခန့်ရှိ ခေါက်ဓား တချောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ဆင်းကဒ်ပါ လက်ကိုင်ဖုန်းတလုံးတို့ သိမ်းဆည်းရမိပြီး သူ့ကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ အမှုဖွင့်စစ်ဆေးနေတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013