DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးတဦးအား တိုက်မိမှုကြောင့် ကျောက်သယ်ကားများကို မိုးကြိုးပြင်ဒေသခံများ ပိတ်ဆို့
DVB
·
March 11, 2017
အမျိုးသမီးတဦးအား တိုက်မိမှုကြောင့် ကျောက်သယ်ကားများကို မိုးကြိုးပြင်ဒေသခံများ ပိတ်ဆို့
1 / 8
Donate to DVB

ယင်းမာပင်ခရိုင် ဆားလင်းကြိးမြို့နယ် မိုးကြိုးပြင်မြောက်ရွာက ညောင်ပင်ကြီးမှာ ဈေးဝယ်သွားတဲ့ အသက် ၁၈ နှစ်အရွယ် မရီရီမွန်ကို ကျောက်သယ်ကားတစီးက ဒီနေ့မနက်ပိုင်းက မတော်တဆတိုက်မိလို့ ဒေသခံတွေက ကျောက်သယ်ကားတွေကို တားမြစ်ထားပါတယ်။

ကားနဲ့တိုက်မိတဲ့ မရီရီမွန်မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေကြောင့် ဆားလင်းကြီး ၁၆ ကုတင်ဆံ့ဆေးရုံကနေ မုံရွာဆေးရုံကြီးကို ဆက်လက်ပို့ဆောင် ကုသနေပါတယ်။

“ကျနော်တို့က ကျောက်ကားတွေကို တားချင်လို့ တားတာမဟုတ်ဘူး။ ချိတ်မိတဲ့ကားက ဘယ်ကားမှန်မသိဘူး။ ကားကိုသိချင်လို့ အရင်သွားတဲ့ကားနဲ့ နောက်လာတဲ့ကား ခွဲလိုက်တဲ့ သဘောပါ။ ချိတ်မိတဲ့ကားကို သိရရင် ပြန်လွှတ်မှာပါ"လို့ ဒေသခံတဦးကဆိုပါတယ်။

အခုလိုဖြစ်တာနဲ့ပတ်သက်ပြီး ကျောက်ထုတ်ကုမ္ပဏီ တာဝန်ရှိသူတွေက လာရောက်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၂ နာရီမှာ ဒေသခံတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာ တွေ့ဆုံညှိနှိုင်းကြမှာဖြစ်ပါတယ်။ ကျောက်ထုတ်ကားတွေက ခေါက်ရေလုချင်လို့ တစီးနဲ့တစီး ပြိုင်ဆိုင်မောင်းတာကနေ မတော်တဆမှုတွေ ခဏခဏ ဖြစ်တယ်လို့လည်း သိရပါတယ်။

“တိရစ္ဆာန်တိုက်လို့ သေတာတွေလည်းရှိတယ်၊ ကားမှောက်လို့လမ်းပိတ်တာတွေလည်းရှိတယ်။ ကျောက်တွေအပြည့်အလျှံတင်လို့ လမ်းပေါ်ကျပြီး လမ်းသွားလမ်းလာတွေ အခက်အခဲဖြစ်ရတယ်” လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကားအချို့သွားလာခွင့်ပြုခဲ့ပေမယ့် ပြန်လည်တားမြစ်ထားတာကြောင့် ကားအစီးရာနဲ့ချီပြီး ပိတ်မိနေဆဲဖြစ်ပါတယ်။

ဒီလိုတားမြစ်တာက အရင်ဖြစ်တဲ့ သီးနှံလျော်ကြေး၊ မြေယာလျော်ကြေးကိစ္စနဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း သိရပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကိုနေ့စဉ် ကျောက်သွင်းနေတဲ့ကားအစီးရေ ၈၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013