DVB Logo
Home
မြန်မာသတင်း
အမုန်းတရားကြီးထွားစေရန် ဟောပြောမှုများကြောင့် ဦးဝိရသူကို ဟောပြောခွင့် ၁ နှစ် ပိတ်ပင်
DVB
·
March 11, 2017
အမုန်းတရားကြီးထွားစေရန် ဟောပြောမှုများကြောင့် ဦးဝိရသူကို ဟောပြောခွင့် ၁ နှစ် ပိတ်ပင်
Donate to DVB

ဘာသာတခုနဲ့တခုအကြား အမုန်းတရားပွားများစေပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်တဲ့ ဟောပြောနေမှုများကြောင့် မန္တလေး၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တရားဟောခွင့် ၁ နှစ် ပိတ်ပင်လိုက်ပါတယ်။

မတ်လ ၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္တစည်းဝေးပွဲက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လိုက်နာခြင်းမရှိရင် တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဦးဝီရသူကို ဘာသာတခုနဲ့တခုကြား အမုန်းတရားပွားများပြီး ဘာသာရေးအဓိကရုဏ်း ဖြစ်စေနိုင်တဲ့ ဟောပြောတာတွေ၊ အမုန်းတရားကြီးထွားစေဖို့ လှုံ့ဆော်ဟောပြောတာတွေ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေတဲ့ ဟောပြောတာတွေနဲ့ နိုင်ငံရေးပါတီတွေကြားမှာ ဘက်လိုက်ဝေဖန်ဟောပြောတာတွေကို ဒေသအနှံ့အပြားမှာ ကြိမ်ဖန်များစွာပြုလုပ်နေတာတွေဟာ နိုင်ငံတော် သံဃနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာအမှတ် ၈၃ ၊၉၁၊၉၃၊၉၄တွေကို ဖောက်ဖျက်ကျူးလွန်နေတာဖြစ်လို့ တရားဟောခွင့် ၁ နှစ် ပိတ်ပင်တာလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့  ဦးဝီရသူကို မန္တလေးတိုင်းဒေသကြီး သံဃမဟာနာယကအဖွဲ့က ခေါ်ယူအသိပေးသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013