DVB Logo
Home
မြန်မာသတင်း
လက်ရှိမှာ မြန်မာ့ စီးပွားရေးအခြေအနေ အားရစရာမရှိပေမယ့် ရေရှည်မှာ ကောင်းလာနိုင်
DVB
·
March 11, 2017
လက်ရှိမှာ မြန်မာ့ စီးပွားရေးအခြေအနေ အားရစရာမရှိပေမယ့် ရေရှည်မှာ ကောင်းလာနိုင်
Donate to DVB

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေက အားရစရာမရှိပေမယ့် ရေရှည်မှာ ကောင်းလာနိုင်တယ်လို့  ပြည်တွင်းမှာ လူသိများထင်ရှားတဲ့  စီးပွားရေးသမားတွေက သုံးသပ်ပါတယ်။

ပြည်ပက စီးပွားရေးပညာရှင်တွေနဲ့ ပြည်တွင်းက စီးပွားရေးသမားတွေ တွေ့ဆုံတဲ့ Bloomberg Invest Myanmar ဆွေးနွေးပွဲကို စီဒိုနားဟိုတယ်မှာ ကျင်းပရာမှာ  မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အခြေအနေကို  တက်ရောက်လာတဲ့ ပြည်တွင်းက နာမည်ကြီး စီးပွားရေးသမားတွေက ခုလို သုံးသပ်ခဲ့ကြတာပါ။

Max Myanmar ကုမ္ပဏီက ဦးဇော်ဇော်က“လိုအပ်ချက်တွေ ရှိသလို ကောင်းတာတွေလည်း အများကြီးရှိတယ်ပေါ့နော်။ ဒါကတော့ အပြောင်းအလဲတိုင်းမှာ အခက်အခဲဆိုတာတော့ ရှိတတ်တယ်။ ကျနော့်အနေနဲ့ကတော့ စီးပွားရေးနဲ့ပတ်သက်လို့ ရန်ကုန်၊ တခြားနေရာတွေမှာရော လူတွေတော်တော်များများက အဆင်မပြေဘူးလို့ စိတ်ထဲမှာရှိနေကြတာ ရှိသလို ရေရှည်မှာ ကောင်းလာနိုင်မယ့်ဟာမျိုးတွေလည်း ကျနော်တို့ မြင်နေရတာ ရှိတယ်။ ကျနော်တို့ပြည်သူတွေ လိုချင်တဲ့ လမ်းကြောင်းအပေါ် သွားနေတာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ကတော့ ရေရှည်မှာ ပိုပြီးတော့ကောင်းလာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုပေးမှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်သလို  ပြည်ပရင်းနှီး မြှုပ်နှံမှုတွေပါ  ဝင်ရောက်လာမယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

Loi Hein ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက “လက်ရှိမြန်မာနိုင်ငံ စီးပွားရေးအခြေအနေအရ အရင်တုန်းက ရလာတဲ့ အရှိန်အဟုန်နဲ့ပဲ သွားနေပါတယ်။ ဒါပေမယ့် တအုံနွေးနွေးနဲ့တော့ ဆရာတို့ ခံစားမိတယ်လို့ မြင်တယ်။ ရေတိုအားဖြင့်တော့ မှန်ကောင်း မှန်နိုင်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ ကောင်းသွားမှာပါ” လို့ပြောပါတယ်။

Jardines ကုမ္ပဏီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ပီတာဘေရွန်က“ဆွေးနွေးပွဲ အကြောင်းအရာကတော့ Liberalization လို့ခေါ်တယ်။ Liberalization ဆိုတာ အကုန်လုံးကို လွတ်လွတ်လပ်လပ် ခွင့်ပြုဖို့ပေါ့နော်။ ဘဏ္ဍာရေးကဏ္ဍ၊ ငွေကြေးကဏ္ဍတွေ နောက်ပြီးတော့ Industry နဲ့ပတ်သက်တဲ့ ကဏ္ဍတွေ၊ စီးပွားရေးကဏ္ဍတွေ တော်တော်များများကို Liberalize  လုပ်ရမယ်။ Liberalization က အရေးပါတယ်ဆိုတဲ့အကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ အဲဒီလိုမျိုး Liberalize လုပ်တော့မှ နိုင်ငံတကာက လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ ဝင်လာပြီးတော့ လွတ်လွတ်လပ်လပ် လုပ်နိုင်မယ်ပေါ့နော်” လို့ ပြောပါတယ်။

Bloomberg Invest Myanmar ပွဲက ဆွေးနွေးမှုတွေကို တကမ္ဘာလုံး ကြည့်ရှုနိုင်အောင် သူတို့လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။

ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေ နှောင့်နှေးတာဟာ  စီးပွားရေး လုပ်ကိုင်လိုသူတွေ အရင်းအနှီး ရရှိဖို့ ခက်ခဲတာတွေ၊ မြေယာပြသနာတွေ၊ ကျွမ်းကျင်လုပ်သား ရှားပါးတာတွေနဲ့ အခြေခံအဆောက်အအုံ အားနည်းတဲ့ ပြဿနာတွေကြောင့် အခုလို စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးနေရတယ်လို့  ပြည်ပက စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013