DVB Logo
Home
မြန်မာသတင်း
Miss Universe Kalay 2017 ပြိုင်ပွဲ ကြိုတင်လက်မှတ်များ စတင်ရောင်းချ
DVB
·
March 10, 2017
Miss Universe Kalay 2017 ပြိုင်ပွဲ ကြိုတင်လက်မှတ်များ စတင်ရောင်းချ
Donate to DVB

 

လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ကလေးမြို့ရဲ့ ပထမဆုံး ပြိုင်ပွဲဖြစ်တဲ့ Miss Universe Kalay 2017 အတွက် ကြိုတင်လက်မှတ်များ စတင်ရောင်းချနေပြီဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ လာမယ့် ၁၅ ရက်နေ့ ညနေ ၆ နာရီမှာ ကျင်းပမယ့် Miss Universe Kalay 2017 ကို ကလေးမြို့ မြို့တော်ခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဆန်ကာတင် Miss Universe Kalay 2017 အယောက် ၂၀ ရွေးချယ်ထားပါတယ်။ အဲဒီအတွက် လက်မှတ်တွေကို မနေ့ကစပြီး စတင်ရောင်းချပေးနေပြီ ဖြစ်တယ်” လို့ Miss Universe Kalay 2017 ဖြစ်မြောက်ရေးအဖွဲ့က သရုပ်ဆောင် ဟိန်းသီဟက ပြောပါတယ်။

Miss Universe Kalay 2017 အတွက် ယခုနှစ် ဇန်န၀ါရီလကတည်းက ပြိုင်ပွဲဝင်တွေရဲ့ လျှောက်လွှာတွေကို လက်ခံခဲ့ပြီး ပြိုင်ပွဲဝင် ၆၀ ကျော် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ပြိုင်ပွဲဝင် ၆၀ ကျော်ထဲကနေ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ကလေးမြို့ သိမ့်ခန်းမမှာ ဆန်ကာတင် အယောက် ၂၀ ကို ရွေးချယ်ခဲ့ပြီး အဲဒီ ဆန်ကာတင် ၂၀ ကို မော်ဒယ်သင်တန်း မိတ်ကပ်ပညာ သင်တန်းတွေ သင်ကြားပေးနေတဲ့အပြင် စပွန်ဆာ ကုမ္ပဏီကြော်ငြာရိုက်ပေးခြင်း၊ သစ်ပင်စိုက်ခြင်း၊ ပရဟိတ လုပ်ငန်းတွေကိုလည်း ပြိုင်ပွဲမစခင်ကာလမှာ ပြုလုပ်ပေးနေပါတယ်။

ဆန်ကာတင် ပြိုင်ပွဲဝင် ၂၀ ဦးထဲက တဦးကတော့ ကျန်းမာရေးအခြေအနေကြောင့် ပြိုင်ပွဲပါဝင်တော့မှာ မဟုတ်ဘဲ ၁၉ ဦးသာ ပြိုင်တော့မှာဖြစ်ပြီး အဲဒီ ၁၉ ဦးထဲက တစ်ဦးသာရွေးချယ်မှာ ဖြစ်ပါတယ်။ Miss Universe Kalay 2017 Winner အဖြစ် လာမယ့် ၁၅ ရက်နေ့ပွဲမှာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

အဲဒီ Miss Universe Kalay 2017 အတွက် Winner ရွေးချယ်မယ့် ပွဲကိုတော့ အခကြေးငွေနဲ့ အားပေးရမှာပြီး လက်မှတ်တွေကို VVIP အတွက် လက်မှတ်တစောင် ကျပ် ၃၅၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀ နဲ့ ၅၀၀၀ ကျပ်ဆိုပြီး ဈေးသတ်မှတ်ရောင်းချနေတာဖြစ်ပါတယ်။

လက်မှတ်အစောင်ရေ ကန့်သတ်ထားပြီး လက်မှတ်ဝယ်သူတွေအတွက် ကလေးမြို့ ဗိုလ်ချုပ်လမ်း တံတားဦးအနီးက မိုးဟော်တယ်မှာ လက်မှတ်အရောင်းဆိုင်ကို ဖွင့်လှစ်ထားပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013