DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 10, 2017
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ဖရဲသီး

မူဆယ်ကုန်စည်ဒိုင်မှာ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတဲ့ ဖရဲသီး ၈၅၅ က ၁ တန်ကို ငွေကျပ် ၉၆၀၀၀ ထိ ဈေးမြင့်တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ တန်ကို ၄၂၂၄၀၀ ကျပ် ရှိနေပါတယ်။

မတ်ပဲ

ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့  ပြည်ပကို အဓိကတင်ပို့နေတဲ့ မတ်ပဲကတော့ ဈေးဆက်လက်တက်နေပြီး ဒီနေ့မှာ ငွေကျပ် ၃၂၀၀၀ ထိဈေးတက်လာပါတယ်။ ဒီနေ့ ပေါက်ဈေးကတော့ ၁၁၄၂၀၀၀ ပေါက်ဈေး ရှိနေပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းဟာလည်း ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၂၀၀၀ ပေါက်ဈေးရှိနေပြီး ၃၅ ကျပ် ဈေးတက် လာပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကတော့ ဒီနေ့မှာ ဈေးအနည်းငယ်ကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ၇၈၉၀၀၀ရှိပြီး ငွေကျပ် ၇၀၀၀ ဈေး ကျသွားပါတယ်။

ကုလားပဲလုံး

ကုလားပဲလုံးကလည်း ဈေးဆက်တိုက် ကျဆင်းနေပြီး  ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁၉၄၀ ပေါက်ဈေးရှိပြီး ၈၅ ကျပ် ဈေးကျ ဆင်းသွားပါတယ်။ ၁ ပတ်အတွင်း ငွေကျပ် ၂၀၀ နီးပါး လောက် ဈေကျသွားပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီ ကတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၁,၁၀၀ ရှိနေပြီး ၇၅ ကျပ်ဈေး ကျသွားပါတယ်။

ပဲပုတ်(ဗမာ)

မန္တလေးကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ) ဟာ ၁ အိတ်ကို ငွေကျပ် ၃၀၀၀ ဈေးတက်လာပြီး ဒီနေ့ ပေါက် ဈေးက ငွေကျပ် ၆၀၀၀၀ ရှိပါတယ်။

မကျည်းတောင့်

ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ မကျည်းတောင့်ဟာ ၁ ပိဿာကိုငွေကျပ် ၁၅၀၀ ကျပ် ပေါက်ဈေး ရှိပြီး  ငွေကျပ် ၇၀ ကျပ်ဈေးတက် လာပါတယ်။ ၁ ပတ်အတွင်း ငွေကျပ် ၁၀၀ ရာကျော်လောက် ဈေးတက်တာပါ။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013