DVB Logo
Home
မြန်မာသတင်း
ကမ္ဘာကျော် ဂုတ်ထိပ်တံတားအောက် မိုင်းပေါက်ကွဲ၊ ၃ ဦးဒဏ်ရာရ
DVB
·
March 10, 2017
ကမ္ဘာကျော် ဂုတ်ထိပ်တံတားအောက် မိုင်းပေါက်ကွဲ၊ ၃ ဦးဒဏ်ရာရ
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းက ကမ္ဘာကျော်ဂုတ်ထိပ်တံတားအနီး မနေ့က မြေမြှုပ်မိုင်းတလုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးဒဏ်ရာရှိခဲ့ပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ တံတားလုံခြုံရေးအရ ကန့်သတ်ထားတဲ့နေရာဖြစ်တယ်လို့ နောင်ချိုမြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာ ညီညီအောင်က ပြောပါတယ်။

“ကျနော်သိသလောက်ကို ပြောပြမယ်။ ဟိုအစဉ်အဆက်ကတည်းက ကျနော်တို့ ဒီအစိုးရအဖွဲ့ လက်ထဲမရောက်ခင်ကတည်းက လုံခြုံရေးအနေအထားအရဆိုပြီး အဲဒီနားမှာ မိုင်းကွင်းတွေရှိပါတယ်။ အဲဒီမှာ တပ်စောင့်လည်း ရှိပါတယ်။ ကျနော်သိသလောက်တော့ အဲဒီအောက်ထဲကို ရွာသားတွေ အ၀င်မခံဘူး။ တံတားအောက်ထဲကိုလေ။ အ၀င်မခံဘူးဆိုတော့ သူတို့ ဘာဖြစ်လို့ အဲဒီအောက်ထဲကို ၀င်သွားလဲဆိုတာ ကျနော်မသိဘူး။ ရွာသားတွေဟာ ပုံမှန်အားဖြင့်တော့ အဲဒီအောက်ထဲကို ၀င်လို့မရဘူးဆိုတာ သူတို့ သိတော့ သိတယ်။”

ဒဏ်ရာရသူတွေဟာ ဂုတ်ထိပ်ကျေးရွာမှာ နေထိုင်ကြတဲ့ကလေးတွေဖြစ်ပြီး အသက် ၁၀ အရွယ်ကောင်လေးကတော့ ခြေထောက်တဖက်ဖြတ်လိုက်ရကာ လက်ရှိ ပြင်ဦးလွင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသလို ကျန် ၂ ယောက်ကတော့ နောင်ချိုဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ပြောပါတယ်။

“ ၁၀ နှစ်အရွယ် ကလေးကတော့ ခြေထောက်တဖက် ဒူးအောက်ကနေ ဖြတ်ရပါတယ်တဲ့။ အဲဒီကလေးကတော့ နောင်ချိုးဆေးရုံမှာ အဆင်မပြေလို့ ပြင်ဦးလွင်ဆေးရုံကို လွှဲရပါတယ်။ ကျန်တဲ့ ၂ ယောက်က တယောက်က ၁၀ နှစ်အထက် တယောက်က အသက် ၂၄ နှစ်လို့ ပြောပါတယ်။ ၁၀ နှစ်ကျော်ကလေးကတော့ လက်ဖျန်နဲ့ လက်မောင်းမှာ မိုင်းစမှန်တယ်။ နောက်တယောက်ကလည်း မိုင်းစမှန်တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။”

အဆိုပါ ဂုတ်ထိပ်တံတားဟာ အင်္ဂလိပ်လက်ထက်က လုပ်ဆောင်ခဲ့တဲ့ တံတားဖြစ်ပြီး တံတားတိုင်ရဲ့အောက်ခြေတွေမှာ အရင်ကတည်းက မိုင်းတွေ ထောင်ထားဖြစ်ပါတယ်။
ကလေးတွေဟာ ကျွဲကျောင်း၊ နွားကျောင်းရင်း ကျွဲနွားတွေ ပျောက်လို့ လိုက်ရှာရာကနေ အဲဒီ ကန့်သတ်နယ်မြေထဲ တိတ်တဆိတ် ခိုးဝင်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံ လွှတ်တော်အမတ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013