DVB Logo
Home
Lead Story
ဆေးရုံတိုင်းတွင် ခြေရာချင်းထပ်မျှ လိုက်လံကူညီပေးနေသည့် ပရဟိတသမား ကိုဝမ်း (ရုပ်သံ)
DVB
·
March 12, 2017
ဆေးရုံတိုင်းတွင် ခြေရာချင်းထပ်မျှ လိုက်လံကူညီပေးနေသည့် ပရဟိတသမား ကိုဝမ်း (ရုပ်သံ)
Donate to DVB



မန္တလေးမှာရှိတဲ့ ဆေးရုံတိုင်းမှာ ပရဟိတသမားကိုဝမ်းရဲ့ခြေရာတွေ ထပ်ခဲ့ပြီ။ မွေးကင်းစကလေးကစလို့ သက်ကြီးရွယ်အိုတွေအထိ လူပေါင်းစုံ၊ ရောဂါပေါင်းစုံ သူကူညီပေးခဲ့တယ်။ အကူအညီလိုအပ်နေတဲ့ လူနာတွေအနေနဲ့ ကိုဝမ်းကို တိုက်ရိုက်ဆက်သွယ်ပြီး အလှူခံကြသလို ဆေးရုံကဝန်ထမ်းတွေကလည်း လူနာတွေအတွက် သူ့ကို အကူအညီတောင်းလေ့ရှိတယ်။

"ဆေးရုံက ဆရာ ဆရာမတွေကလည်း အကူအညီတောင်းတယ်။ အဲ့လိုကျရင် ကျနော်တို့က ဆေးရုံသွားတယ်။ ဒီလူနာက လောလောဆယ် ဘာလိုအပ်သလဲ၊ ဘာလုပ်ရမလဲ၊ စီတီစကန်ရိုက်မလား၊ သွေးစစ်ရမလား၊ အဲဒါပေါ်မူတည်ပြီး လာလှူထားကြတဲ့အထဲက ချက်ချင်းလှူပေးလိုက်တယ်။"

နောက်ပြီး လမ်းပေါ်က ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ကိုဝမ်း လစဉ်ထောက်ပံ့ပေးနေပါသေးတယ်။

သူ့ရဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ လိုအပ်တဲ့ အလှူငွေအများစုကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ စေတနာရှင်တွေက ဝိုင်းဝန်းလှူဒါန်းပေးကြတာပါ။

"ရရှိတဲ့အလှူငွေတွေအားလုံးကတော့ ဖေ့စ်ဘွတ်ခ်ကနေကြည့်ပြီးတော့ အလှူရှင်တွေက မန္တလေးကနေလည်း လှူကြတယ်၊ နောက်ပြီးတော့ စင်ကာပူ၊ မလေးရှားနဲ့ အခြားနိုင်ငံတွေကနေလည်း လှူကြတယ်၊ နောက်ပြီး ရန်ကုန်နဲ့ အခြားနယ်မြို့တွေကလည်း လှူကြပါတယ်။"

ဖေ့စ်ဘွတ်ခ်ဟာ ပရဟိတသမား ကိုဝမ်းအတွက်တော့ တကယ်ကို အသုံးဝင်တဲ့ နိဗ္ဗာန်ဆော်ကိရိယာတခုပါပဲ။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013