DVB Logo
Home
မြန်မာသတင်း
ပြာကလပ်စိန်နှင့် ရွှေဂဲတို့၏ ဖန်တီးရှင် ကာတွန်းအောင်စိုးမျင့် (ရုပ်သံ)
DVB
·
March 10, 2017
ပြာကလပ်စိန်နှင့် ရွှေဂဲတို့၏ ဖန်တီးရှင် ကာတွန်းအောင်စိုးမျင့် (ရုပ်သံ)
Donate to DVB



"သူက ဘူတာကြီးမှာ အလုပ်လုပ်နေတုန်း လူကြုံနဲ့ ခေါ်ခိုင်းလိုက်တော့ ပြန်ရောက်လာတယ်။ ပြန်ရောက်လာတော့ အဖေက ကဲ မင်းမထူးဘူးဆိုပြီး စစ်တပ်ထဲ သွင်းတယ်။ အဲဒီတုန်းက အသက် ၁၆ နှစ်ပဲရှိသေးတယ်။ အဖေက မှတ်ပုံတင်ထဲမှာ ၁၈ နှစ်ဆို လုပ်ပြီး သွင်းလိုက်တယ်။ အဲဒါနဲ့ စစ်တပ်ထဲရောက်တယ်။ စစ်တပ်ထဲရောက်တော့လည်း ဝါသနာက မသေဘူး။ ကာတွန်းရေးတယ်။ ကာတွန်းရေးတာ ပထမဆုံး ၇၅ ခုနှစ်မှာ ပါလာတယ်။ ၇၄ မှာ တပ်ထဲဝင်တယ်၊ ၇၅ မှာ ပါလာတယ်။ တပ်မတော်စာစဉ်မှာ။ ကလောင်သွေးခွင့် ရတယ်ပေါ့။

"ဗိုလ်မှူးခင်မောင်မြင့် အမေရိကန်ခင်မောင်မြင့်လို့ ခေါ်တာပေါ့နော်။ သူက မင်း ပန်းချီကျောင်းတက်မှ ဖြစ်မယ်တဲ့။ တက်ခွင့်ပေးရင် ကျနော်တက်မယ်လို့ ပြောလိုက်တယ်။ အဲတော့ တက်ခွင့်ပေးမယ်၊ မင်းဂျူတီကို သူများစောင့်မယ်။ မင်းက သူများမစောင့်နိုင်တဲ့အချိန် စောင့်ရမယ်ဆိုတော့ သူများတွေက တကယ်အချိန်ကောင်းကို စောင့်တာပေါ့နော်။ ကျနော်ကျောင်းကဆင်းရင် စားသောက်ပြီး သူများမစောင့်ချင်တဲ့ ၂ နာရီကနေ ၄ နာရီကို စောင့်ရတယ်။ ခွေးတစီစီနဲ့၊ ဆောင်းတွင်းဆို ချမ်းချမ်းချမ်းချမ်းနဲ့။ အဲလို အပုပ်ချိန်မျိုးကို စောင့်ရတယ်။ ပင်ပန်းတယ်။ သူများတွေမသွားချင်တဲ့ ဂျူတီကို သွားရတယ်။ ကိုယ်ပန်းချီကျောင်းတက်ရရင် ပြီးရော။ ပန်းချီအခြေခံပညာအထက်တန်းကျောင်း သုံးနှစ်ကို တရက်မှ မပျက်ဘူး တက်ခဲ့ပါတယ်။"

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013