DVB Logo
Home
မြန်မာသတင်း
ရွှေစက်တော်ဘုရားပွဲတွင် သန့်စင်ခန်းတင်ဒါမှ  ကျပ်သိန်းပေါင်း ၈၂၀ ကျော်ရရှိ
DVB
·
March 10, 2017
Donate to DVB

မြန်မာပြည်ရဲ့ အထင်ကရ ဘုရားပွဲတော်တွေထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်မှာ သန့်စင်ခန်းတစ်မျိုးထဲက တင်ဒါအောင်ငွေ ကျပ်သိန်းပေါင်း ၈၂၀ ကျော်ရရှိထားတယ်လို့ ဘုရားဂေါပကအဖွဲ့က စုံစမ်းသိရပါတယ်။

အခုနှစ်မန်းရွှေစက်တော်ဘုရားပွဲတော်မှာ လုပ်ငန်းပေါင်း ၅၃ ခုရှိတဲ့အထဲက သန့်စင်ခန်းလုပ်ငန်း (၁၈) ခုကနေ ရွှေစက်တော်ဘုရားကြီးအတွက် တင်ဒါအောင်ငွေ ကျပ်သိန်းပေါင်း ၈၂၀ ကျော်ရရှိထားတယ်လို့ ဂေါပကအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်သိန်းက ဒီဗွီဘီကိုပြောပါတယ်။

သန့်စင်ခန်းလုပ်ငန်း(၁၈)ခုရှိတဲ့အထဲက တရုတ်ဝဲသန့်စင်ခန်းနဲ့ ဂေါပကရုံးနောက်သန့်စင်ခန်းလုပ်ငန်း (၂)ခုတို့ကို တင်ဒါအောင်မြင်ခဲ့တဲ့သူကတော့ ဘုရားကြီးအတွက်ဂေါပက အဖွဲ့ကို ကျပ်သိန်းပေါင်း ၁၂၀ ကျော်ပေးသွင်းထားတယ်လို့ပြောပါတယ်။

သန့်စင်ခန်းလုပ်ငန်းတင်ဒါအောင်မြင်သူ ဦးရွှေခဲက “တရုတ်ဝဲ အိမ်သာကြမ်းခင်းဈေးက သိန်းပေါင်း သိန်း ၇၀၊ ကျနော် တင်ဒါအောင်တာက ၇၉ သိန်း၊ ၇၀၅၀၀ နဲ့တင်ဒါအောင်တယ်။ ကျနော့်နာမည်နဲ့ တင်ထားပြီး တင်ဒါအောင်ထားတာက ဂေါပကရုံးရဲ့နောက်က အိမ်သာ၊ အဲမှာက အိမ်သာ အလုံး ၂၀ ရှိတယ်၊ တရုတ်ဝဲမှာ အိမ်သာအလုံး ၄၀ ရှိတယ်။ ဂေါပက ရုံးနောက်က အိမ်သာက ၄၃ သိန်းနဲ့ ၇၀၀၀၀နဲ့ တင်ဒါအောင်ထားတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဧပြီ ၁၇ အထိ၊ ပွဲတော်ရက် ၇၄ အတွင်းမှာ ကျနော်တို့က တစ်ယောက်ကို တစ်ရာနှုန်းနဲ့ပဲ ကောက်သွားမှာပါ”လို့ ပြောပါတယ်။

သန့်စင်ခန်းတင်ဒါအောင်မြင်ထားတဲ့သူတွေဟာ ၂၀၁၇ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ ၇၄ ရက် အတွင်းပဲ လုပ်ပိုင်ခွင့်ရရှိတာဖြစ်ပါတယ်။

ဂေါပကအဖွဲ့နဲ့ သန့်စင်ခန်းလုပ်ငန်းလုပ်ဆောင်မယ့်သူတွေ နှစ်ဦးသဘောတူချုပ်ဆိုထားတဲ့စာချုပ်ထဲမှာ သန့်စင်ခန်း လုပ်ငန်း လုပ်ပိုင်ခွင့်ရတဲ့သူဟာ ကိုယ်တိုင်လုပ်ဆောင်ရမယ်၊ တဆင့်လွှဲပြောင်း ပြန်လည်ရောင်းချတာမျိုးကို ခွင့်မပြုဘူးလို့ ဂေါပကအဖွဲ့ကစည်းကမ်းတွေထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် နဂါးမီး (၃) သန့်စင်ခန်းနဲ့ ထနောင်း ရိပ်သန့်စင်ခန်းကို လုပ်ကိုင်နေတဲ့သူတွေကတော့ သိန်း ၁၀အမြတ်ပေးပြီး ကျပ်သိန်းပေါင်း ၁၄၀ နဲ့ တဆင့် ပြန်လည်ဝယ်ပြီး လုပ်ကိုင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

တဆင့်ပြန်လည်ဝယ်ပြီးသန့်စင်ခန်းလုပ်ကိုင်သူ ဒေါ်ကြည်ကြည်ခိုင်က “နဂါးမီး (၃) အိမ်သာက လေလံဈေး သိန်း ၄၀ နဲ့အောင်တာလေ၊ ထနောင်းရိပ်အိမ်သာက သိန်း (၇၀) နဲ့ တင်ဒါအောင်တာ၊ နှစ်ခုပေါင်း သိန်း ၁၁၀ပေါ့ ၊ ကျမက အမြတ် သိန်း သုံးဆယ်ပေးပြီး ဝယ်လိုက်ရတယ်။ အားလုံး သိန်း ၁၄၀ ကျသွားတာပေါ့”လို့ပြောပါတယ်။

သန့်စင်ခန်းတင်ဒါလုပ်ပိုင်ခွင့်ရတဲ့သူအားလုံးဟာ ဘုရားပွဲတော်ပြီးဆုံးတာနဲ့ သန့်စင်ခန်းတွေ၊ ဆားဗစ်ကျင်းတွေအားလုံးကို အပြောင်သန့်ရှင်းရေးလုပ်ပြီးမှ ဂေါပကအဖွဲ့ကို ပြန်လည်အပ်နှံရမယ်၊ သန့်ရှင်းရေးမလုပ်ဘဲ ပြန်အပ်သူတွေကို နောင်ဘုရားပွဲတော်တွေမှာ တင်ဒါလျှောက်ထားခွင့် မပေးတော့ဘူးလို့  သဘောတူစာချုပ်ထဲမှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013