DVB Logo
Home
မြန်မာသတင်း
သင်္ကြန်နားရက် ၁၀ ရက်ရရှိအောင် အထူးအစီအစဉ်ဆောင်ရွက်နေဟု သမ္မတရုံးထုတ်ပြန်
DVB
·
March 10, 2017
သင်္ကြန်နားရက် ၁၀ ရက်ရရှိအောင် အထူးအစီအစဉ်ဆောင်ရွက်နေဟု သမ္မတရုံးထုတ်ပြန်
Donate to DVB

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်ဟာ ၅ ရက်ဖြစ်ပေမယ့် ၀န်ထမ်းတွေ အနားယူ ကာလ ၁၀ ရက်တိတိ ရရှိခံစားနိုင်စေဖို့ အထူးအစီအစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ နိုင်ငံတော် သမ္မတရုံးက မတ်လ ၉ ရက်နေ့က ကြေညာပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နှစ်သစ်ကူးမှာ ရေကစားတာ၊ စေတီပုထိုးတွေမှာ ရေသပ္ပာယ်တာ၊ ကျောင်းကန်ဘုရားတွေမှာ ဥပုသ်သီတင်းဆောက်တည်တာ၊ ဘိုးဘွားမိဘတွေကို ကန်တော့တာနဲ့ အနားယူအပန်းဖြေနိုင်ဖို့ အတွက် ရုံးပိတ်ရက် ၁၀ ရက်ရရှိခံစားတဲ့နည်းတူ ရုံးပိတ်ရက် ၅ ဖြစ်ပေမယ့် အနားယူ ရက် ၁၀ ရက်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအစီအစဉ်ဟာ အခုနှစ်အတွက်သာ အထူးအစီအစဉ်အဖြစ်ဆောင်ရွက်ပေးတာဖြစ်တယ် လို့လည်း ဆိုပါတယ်။

အစိုးရဝန်​ထမ်း​တွေအတွက်​ နားရက် ၁၀ ရက်​ ရ​အောင်​ အုပ်​ချုပ်မှုနည်းလမ်းနဲ့ စီစဉ်​​ပေးမယ်လို့ သမ္မတရုံး ယာယီညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးပါတယ်။
“သင်္ကြန်​ပိတ်​ရက်​ ၅ ရက်​ဖြစ်​ပါမယ်။ ဘဏ်​ပိတ်​ရက်​၊ အစိုးရရုံးပိတ်​ရက်​ ၅ ရက်​ပဲ ဖြစ်​ပါမယ်​။ ဝန်​ထမ်း​တွေအတွက်​ ၁၀ ရက်​ ရ​အောင်​ အုပ်​ချုပ်မှုနည်းလမ်းနဲ့ စီစဉ်​​ပေးပါမယ်​။ ဒီနှစ်​အတွက်​ပဲ ဖြစ်​ပါတယ်​။ ကြိုတင်​ပြီး စီစဉ်​ထားတာ​တွေ မပျက်​​အောင်​ အထူးအစီအစဉ်​ လုပ်​​ပေးတဲ့သ​ဘောပါ။ သင်္ကြန်​ကာလ ရုံးပိတ်​ရက်​ ၅ ရက်​အဖြစ်​ အများပြည်​သူရုံးပိတ်​ရက်​ ပြင်​ဆင်​သတ်​မှတ်​ပါမယ်​။ ​နောက်​နှစ်​​တော့ မူလကတည်းက ၅ ရက်​ပဲ ဖြစ်​ပါမယ်​။”

အရင်က သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် ၁၀ ရက်သတ်မှတ်ထားရှိခဲ့ရာမှာ ရုံးပိတ်ရက်၊ ဘဏ်ပိတ်ရက် ကာလရက်ရှည်ဖြစ်နေလို့ နိုင်ငံတကာနဲ့ ရုံးလုပ်ငန်းတွေဆက်သွယ်ဆောင်ရွက်ရာမှာ အခက်အခဲတွေဖြစ်ပေါ်တာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးကြံ့ကြာ တာတွေရှိလို့ ၂၀၁၇ ရုံးပိတ်ရက်ကို ပြင်ဆင်သတ်မှတ်သင့်မသင့် ၀န်ကြီးဌာနတွေထံ အစိုးရက သဘောထားတောင်းခံခဲ့ပြီးနောက် ခုလို အစိုးရထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013