DVB Logo
Home
မြန်မာသတင်း
ဧပြီလကစတင်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် မြေငလျင်တိုင်းစက်အလုံး ၃၀ တပ်ဆင်မည်
DVB
·
March 10, 2017
ဧပြီလကစတင်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် မြေငလျင်တိုင်းစက်အလုံး ၃၀ တပ်ဆင်မည်
Donate to DVB

မြန်မာနိုင်ငံအနှံ့အပြားမှာ လာမယ့်ဧပြီလကစတင်ပြီး မြေငလျင်တိုင်းစက် အလုံး ၃၀ ကို တပ်ဆင်သွားမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနက တာဝန်ရှိသူ တဦးက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မြေငလျင်လှုပ်ရှားမှုတွေကို တိုင်းတာနိုင်ဖို့နဲ့ လှုပ်ရှားမှုအခြေအနေတွေ ကို Research လုပ်နိုင်ဖို့အတွက် စက်တွေကို တပ်ဆင်တာဖြစ်တယ်လို့ မြေငလျင်ဌာနက ဦးဦးသန်းက ပြောပါတယ်။

အခုလိုမြေငလျင်တိုင်းစက် တပ်ဆင်မှုတွေကိုတော့ စင်ကာပူနိုင်ငံ Earth Observatory of Singapore က ပံ့ပိုးကူညီတာဖြစ်ပြီး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ ပူးပေါင်းကာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ မြေငလျင်တိုင်းစက်တွေ တပ်ဆင်နိုင်ဖို့အတွက် အဆောက်အဦတည်ဆောက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတာပါ။

မြန်မာနိုင်ငံမှာ အရင်တည်းက မြေငလျင်တိုင်းစက် ၈ လုံးကို တပ်ဆင်ထားပြီးဖြစ်ပြီး အခုလို စက်အလုံးရေ များများတပ်ဆင်မယ်ဆိုရင် မြေငလျင်လှုပ်ရှားမှုတွေကို ပိုမိုတိုင်းတာလာနိုင်သလို မြေငလျင်သတင်းတွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်လာနိုင်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013