DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးရေးထွက်ကုန် ၁၅ မျိုးအတွက် GAP အသိမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရန် ပြင်ဆင်
DVB
·
March 10, 2017
စိုက်ပျိုးရေးထွက်ကုန် ၁၅ မျိုးအတွက် GAP အသိမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရန် ပြင်ဆင်
Donate to DVB

စိုက်ပျိုးရေးထွက်ကုန် ၁၅ မျိုးကို အသိအမှတ်ပြု လက်မှတ်များထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီး လမ်းညွှန်ချက်များ ချမှတ်နိုင်ရန်အတွက် မူကြမ်းဆွေးနွေးတဲ့လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးတင့်နိုင်က ဒီဗွီဘီ ကိုပြောပါတယ်။

သီးနှံ ၁၅ မျိုးကိုရွေးချယ်ရာမှာ ပြည်သူအများဆုံးစားတဲ့သီးနှံနဲ့ ပြည်ပပို့ကုန်ဈေးကွက် အများဆုံးရှိတဲ့ သီးနှံအမျိုးအစားမျိုးကို အဓိကရွေးချယ်ထားပြီး ကျန်တဲ့သီးနှံတွေကိုလည်း ဆက်လက်ရွေး ချယ်သွားမယ်လို့ ဦးတင့်နိုင်ကပြောပါတယ်။

မြန်မာ ဂျီအေပီ အသိအမှတ်ပြု လက်မှတ်၂၇ စောင်ကို သရက်သီးနှံအတွက် ယခင်နှစ် ကစတင် ထုတ်ပေးခဲ့ပြီး ယခုအခါထောပတ်၊ ကျွဲကော၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ ငရုပ်၊ ဖရဲ၊ သခွားမွေး၊ စပါး၊ ကော်ဖီ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဂေါ်ဖီထုပ်၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း တို့ကို ထပ်မံထုတ်ပေးနိုင်ဖို့ လမ်းညွှန်ချက်မူကြမ်းတွေကို ဒေသအလိုက် အစိုးရရုံးတွေ၊ အသင်းအဖွဲ့တွေ၊ တောင်သူတွေသိရှိနိုင်ဖို့ ဆွေးနွေးအကြံပြုချက်တွေရယူ လျှက်ရှိကြောင်း သိရပါတယ်။

မြန်မာ ဂျီအေပီ လမ်းညွှန်ချက်တွေမှာ အာဆီယံ ဂျီအေပီ လမ်းညွှန်ချက်တွေအတိုင်း မှီငြမ်းပြုစုထားခြင်းဖြစ်ပြီး စိုက်ခင်းတွေက ထွက်ရှိလာတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီလိုထုတ်ပေးနိုင်ဖို့အတွက် သီးနှံစိုက်ပျိုးရာတွင် အသုံးပြုတဲ့ မြေ၊ ရေ၊ သွင်းအားစုတွေကို ဘေးအန္တရယ်ရှိတဲ့ ဓာတုပစ္စည်းတွေပါဝင်မှု ရှိမရှိစစ်ဆေခြင်း၊ စိုက်ခင်းအတွင်း အဆောက်အအုံတွေ စနစ်တကျ တည်ဆောက်ခြင်းရှိမရှိ စစ်ဆေးခြင်း၊ စိုက်ခင်းလုပ်သားတွေရဲ့ လုပ်ငန်းခွင်ဘေးအန္တရယ်ကင်းရှင်းဖို့နဲ့ ကျန်းမာရေး၊ လူမှုစောင့်ရှောက်မှု အစီအစဉ်တွေ ရှိမရှိစစ်ဆေးခြင်း၊ သိုလှောင်၊ သယ်ဆောင်ရာတွင် စနစ်တကျရှိ မရှိစစ်ဆေးခြင်း၊ သီးနှံတရာသီလုံး လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းရှိမရှိစစ်ဆေးခြင်း စတဲ့ စစ်ဆေးခြင်း လုပ်ငန်းတွေ ပါဝင်ပါတယ်။

မြန်မာ ဂျီအေပီ လက်မှတ်နဲ့ ပြည်ပကိုတင်ပို့ခဲ့တဲ့ သရက်သီးတွေက ဈေးပိုမိုရရှိခဲ့ခြင်းမရှိသေး ပေမယ့် သီးထိုးယင်ကဲ့သို့ ကန့်သတ်ပိုးမွှားတွေ ပါဝင်မှုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြည်ပပို့ကုန်လုပ်ငန်းရှင်များ ထံမှ သိရပါတယ်။

အစိုးရက မြန်မာ ဂျီအေပီ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တောင်သူတွေရင်းနှီးကျွမ်းဝင်စေဖို့ စစ်ဆေးရေးလုပ်ငန်းတွေကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပြီး ရွေးချယ်ထားတဲ့ သီးနှံတွေအလိုက် အများဆုံး စိုက်ပျိုးတဲ့ ဒေသတွေမှာ မူကြမ်းဆွေးနွေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

သတင်း- ရူပါအောင်ဝင်း
ဓာတ်ပုံ- Doa Shan State facebook.

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
စိုက်ပျိုးရေးထွက်ကုန် ၁၅ မျိုးအတွက် GAP အသိမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရန် ပြင်ဆင်