DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲများဆက်ဖြစ်နေသည့် လောက်ကိုင်တွင် ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို
DVB
·
March 9, 2017
တိုက်ပွဲများဆက်ဖြစ်နေသည့် လောက်ကိုင်တွင်  ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို
1 / 3
Donate to DVB

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ တိုက်ပွဲတွေဖြစ်နေပေမယ့် လောက်ကိုင်မြို့ အထက (၂) မှာတော့ မနေ့ကစလို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ  စတင်ဖြေဆိုနေကြပါတယ်။

လောက်ကိုင်မြို့နယ်မှာ ၁၀ တန်းကျောင်းသူ/သား ၁၀၀ ရှိပါတဲ့ထဲက အယောက် ၈၀ ဟာ လောက်ကိုင် အထက ၂ မှာ စာမေးပွဲဖြေဆိုပြီး ၅ ယောက်ကတော့ ကွမ်းလုံမြို့နဲ့ လောက်ကိုင် ဆေးရုံမှာ ၁ ယောက်ဖြေဆိုနေပါတယ်။ စာမေးပွဲလာရောက်မဖြေဆိုဘဲ ပျက်ကွက်နေသူကတော့ ၁၄ ယောက်ရှိပါတယ်။

လောက်ကိုင်မြို့မှာရှိတဲ့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) တပ်ကုန်းနဲ့ အမြှောက်တပ်ရင်းဘက်ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာကို မနေ့က တနေ့လုံးနီးပါး အတိုင်းသား ကြားနေရတယ်လို့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

တိုက်ပွဲစဖြစ်တဲ့နေ့တည်းက မြန်မာတပ်မတော်ဘက်က စစ်ယာဉ်တန်းတွေဟာ လောက်ကိုင်မြို့ကို မနေ့ကထိ အဆက်မပျက်ရောက်ရှိလာနေပြီး မြန်မာ-တရုတ်နယ်စပ် ရန်လုံကျိုင်းဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဒါ့ကြောင့် ရန်လုံကျိုင်းဘက်မှာရှိတဲ့ပြည်သူတွေဟာ လောက်ကိုင်မြို့ဘက်ကို ထွက်မလာနိုင်သေးဘဲ ပိတ်မိနေကြပါတယ်။

မတ်လ ၆ ရက်နေ့က ကိုးကန့်တပ်ဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ကာစီနိုရုံက ၀န်းထမ်းတချို့ တော့ လောက်ကိုင်မြို့ကို မနေ့က ပြန်ရောက်လာပါတယ်။ အများစုကတော့ တရုတ်နိုင်ငံ နမ်ဆန်မြို့ကတဆင့် နေရပ်ပြန်သွားကြတယ်လို့ သိပါတယ်။

လက်ရှိလောက်ကိုင်မြို့မှာ မဖြစ်မနေနေနေကြတဲ့ ၀န်းထမ်းတွေ၊ နေရပ်ပြန်ဖို့ စရိတ်မရှိတဲ့ မိသားစုတွေ၊ မိမိဆိုင်ခန်းနဲ့ အိမ်ကပစ္စည်းတွေဖောက်ထွင်းခံရမှာ စိုးရိမ်လို့ စောင့်ရှောက်နေတဲ့ သူတွေပဲ ကျန်ရှိနေပါတော့တယ်။

လောက်ကိုင်မြို့ကနေ ချင်းရွှေဟော်လမ်းတလျှောက်မှာတော့ မြန်မာ့တပ်တော်ရဲ့ စစ်ကြောင်းတွေ လှုပ်ရှားနေတာ တွေ့မြင်ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013