DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများ အခွင့်အရေးကာကွယ်ပေးရေးဥပဒေ ပြင်ဆင်ရန် သူရဦးရွှေမန်း ဆွေးနွေး
DVB
·
March 9, 2017
မသန်စွမ်းသူများ အခွင့်အရေးကာကွယ်ပေးရေးဥပဒေ ပြင်ဆင်ရန် သူရဦးရွှေမန်း ဆွေးနွေး
Donate to DVB

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဥပဒေ ပြင်ဆင်ဖို့အတွက် သူရဦးရွှေမန်းနဲ့ မြန်မာနိုင်ငံမသန်စွမ်း အသင်းအဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မသန်စွမ်းသူများ ပညာသင်ယူခွင့်ရရှိရေး လှုပ်ရှားမှု ကော်မတီမှာ တွဲဖက်အတွင်းရေးမှူး (၁) ဦးရဲဝင်းက ပြောပါတယ်။

မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကာကွယ်ပေးရေးအတွက် မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

“ကျနော်တို့ မသန်စွမ်းသူတွေဘက်က အဓိက ဆွေးနွေး တင်ပြတာက Sector ၃ ခု ပါ။ နံပတ် ၁ က မသန်စွမ်းသူတွေရဲ့ပညာရေး၊ နံပတ် ၂ က မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ၃ အချက်က မသန်စွမ်းသူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ့။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဥပဒေနဲ့ အမျိုးသားပညာရေးကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေတွေ ကိုလည်း အဓိက ဆွေးနွေးခဲ့တယ်”လို့ မသန်စွမ်းသူများ ပညာသင်ယူခွင့်ရရှိရေး လှုပ်ရှားမှု ကော်မတီမှာ တွဲဖက်အတွင်းရေးမှူး (၁) ဦးရဲဝင်းက ပြောပါတယ်။
ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံသားများရဲ့ မူလအခွင့်အရေးအရ မသန်စွမ်းတွေလည်း အခွင့်အရေး ရှိကြောင်း ဆောင်ရွက်ပေးရမှာ ၂ ပိုင်း ခွဲ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“တပိုင်းက ဥပဒေရေးရာကိစ္စ၊ နောက်တပိုင်းက ဝန်ကြီးဌာနများရဲ့ လုပ်ထုံးလုပ်နည်း လုပ်ငန်းဆောင်တာကိစ္စတွေမှာ မသန်စွမ်းအခွင့်အရေးဥပဒေအရ ဆောင်ရွက်ရမယ်”လို့ ဦးရဲဝင်းက ပြောပါတယ်။

မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ နည်းဥပဒေမူကြမ်းကို လူမှုဝန်ထမ်းဦးစီးဌာနက ရှေ့နေချုပ်ရုံးကို မတ် ၇ ရက်နေ့က ပေးပို့ခဲ့ပြီး အမြန်ဆုံး ပြန်လည်စိစစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနကို အကြံပြန်ပြုမယ်လို့ ဦးရဲဝင်းက ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့တကွ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ မသန်စွမ်းသူတွေ ရှေ့ဆောင် အဖွဲ့ ဦးနေလင်းစိုးနဲ့ မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် မသန်စွမ်းဦးရေး ၂၃ သိန်းကျော် ရှိတယ်လို့ သိရပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာဥပဒေကို ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့ပြီး နည်းဥပဒေကို ပြဌာန်းရန် ကြိုးစားနေဆဲပါ။

သတင်း၊ ဓာတ်ပုံ - MILI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013