DVB Logo
Home
မြန်မာသတင်း
မြန်မာ့ ဟင်းသီးဟင်းရွက်များ စင်ကာပူ စူပါမားကတ်သို့ နေ့စဉ်တင်ပို့
DVB
·
March 9, 2017
မြန်မာ့ ဟင်းသီးဟင်းရွက်များ စင်ကာပူ စူပါမားကတ်သို့ နေ့စဉ်တင်ပို့
Donate to DVB

 

မြန်မာနိုင်ငံကထွက်တဲ့ ခရမ်းသီး၊ ခရမ်းကျွတ်သီး၊ ရုံးပတီ၊ သခွားသီး၊ ဘိုစားပဲသီးနဲ့ ငရုပ်သီးတွေကို စင်ကာပူနိုင်ငံကို ပြီးခဲ့တဲ့ လကုန်ကစပြီး နေ့စဉ်တင်ပို့နေတယ်လို့ မြန်မာ့ရွှေ သစ်သီးဝလံ ကုမ္ပဏီက သိရပါတယ်။

စင်ကာပူနိုင်ငံကို မြန်မာ့ဟင်းရွက်သီးနှံတွေတင်ပို့တာနဲ့ ပတ်သက်ပြီး မြန်မာ့ရွှေ သစ်သီးဝလံ ကုမ္ပဏီ ဒါရိုက်တာ ဒေါ်လဲ့လဲ့ဦးက “စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့  မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန် အများစုကို ၀ယ်စားနေရတဲ့ စင်ကာပူနိုင်ငံရဲ့ ဈေးကွက်ဝေစုတွေကို ရရှိနိုင်ဖို့ တင်ပို့ခဲ့ခြင်းဖြစ်တယ်”လို့ ပြောပါတယ်။

မြန်မာ့ဟင်းသီး ၆ မျိုးကို စင်ကာပူနိုင်ငံရှိ Cold Storage( The fresh food people) ၁၅ ဆိုင်မှာ ရောင်းချနေပြီး ဧရာဝတီတိုင်းနဲ့ ပြည်ဒေသက ထွက်ရှိတဲ့ အဆိုပါဟင်းသီးများကို နေ့စဉ် ကုန်တန်ချိန် တစ်တန် ခန့်တင်ပို့ပေးလျှက်ရှိ ကြောင်းသိရသည်။

မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များမှာ မျိုးသန့်စင်ပေးရန်လိုအပ်ချက်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးမှုရှိတဲ့ တိုင်းပြည်တွေက စိုက်ပျိုးရေးထွက်ကုန်တွေထက် အရည်အသွေးအားဖြင့်လည်းကောင်း၊ အစားအသောက် ဘေးအန္တရယ်ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များရယူနိုင်တဲ့ အပိုင်းတွေမှာလည်း အားနည်းနေပြီး ဈေးကွက်သစ်တခုအနေနဲ့ စမ်းသပ်ထိုးဖောက်ခြင်းဖြစ်တဲ့ အတွက် ဈေးနှုန်းအားဖြင့်ယှဉ်ပြိုင်ရယူနိုင်ဖို့ ခက်ခဲနေတာပါ။

အဆိုပါကုမ္ပဏီဟာ စင်ကာပူနိုင်ငံကို စိုက်ပျိုးရေးထွက်ကုန်တွေတင်ပို့တဲ့ အတွေ့အကြုံတွေ ရှိတဲ့အတွက် ယုံကြည်မှုအရ Cold Storage ကို တင်ပို့ရောင်းချခွင့်ရရှိခဲ့ပြီး ဈေးကွက်ရေရှည်ရရှိနိုင်ဖို့ အစားအစာ ဘေးအန္တရယ်ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တွေ တင်ပြနိုင်ဖို့အတွက် အစိုးရက အရေးတကြီးဆောင်ရွက်သင့်တယ်လို့ ဒေါ်လဲ့လဲ့ဦးက ပြောပါတယ်။

အစိုးရက မြန်မာ GAP(Good Agriculture Practice)လက်မှတ်တွေကို ယခင်နှစ်က သရက်သီးအတွက် အသိအမှတ်ပြုလက်မှတ် ၂၇ စောင်ကို ထုတ်ပေးခဲ့ပြီး ယခုနှစ်မှာ နှံစားသီးနှံ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ သစ်သီးဝလံ၊ စားဖိုဆောင်သီးနှံနဲ့ သစ်သီးဝလံ ၁၅ မျိုးကို မြန်မာ GAP လက်မှတ်ထုတ်ပေးနိုင်ဖို့အတွက် လမ်းညွှန်ချက်မူကြမ်းတွေကို ရေးဆွဲပြီး ညှိနှိုင်းဆွးနွေးနေကြောင်း သိရပါတယ်။

သတင်း- ရူပါအောင်ဝင်း၊ ဓာတ်ပုံ- စလုံး facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013