DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင်း ယမန်နှစ်က ကလေးသူငယ် ၁၀၀ ကျော်နှင့် မသန်စွမ်း ၅ ဦး လိင်အကြမ်းဖက်ခံရ
DVB
·
March 9, 2017
ဧရာဝတီတိုင်းတွင်း ယမန်နှစ်က ကလေးသူငယ် ၁၀၀ ကျော်နှင့် မသန်စွမ်း ၅ ဦး လိင်အကြမ်းဖက်ခံရ
Donate to DVB

မနှစ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးသူငယ် ၁၀၀ ကျော်နဲ့ မသန်စွမ်း ၅ ဦး လိင်အကြမ်းဖက်ခံခဲ့ရတယ်လို့ နယ်လုံဝန်ကြီးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၆ ခုနှစ်အတွင်း လိင်အကြမ်းဖက်မှုပေါင်း ၂၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး လိင်အကြမ်းဖက် ခံရသူတွေထဲမှာ ကလေးသူငယ် ၁၀၀ ကျော်နဲ့ မသန်စွမ်း ၅ ဦး ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒသကြီးလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေးမှာ တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ဗိုလ်မှူးကြီးကျော်စွာလှိုင်က ပြောကြားခဲ့တာပါ။

“လိင်အကြမ်းအကြမ်းဖက်မှုတွေကို စစ်ဆေးစီရင်နေတာမှာ ပြစ်ဒဏ်ချမှတ် ထားသူ ၄၀ ကျော်ရှိပြီး ကျန်အမှုတွေကတော့ တရားရုံးတွေမှာစစ်ဆေးဆဲဖြစ်တယ်လို့ဆိုပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှန်ခံရသူ ၃ ဦး ရှိပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၁၀ နှစ်အထိက ၂၉ ဦး၊ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိက ၅ ဦးနဲ့ ထောင်ဒဏ် ၃ နှစ်အောက်က ၃ ဦး ရှိခဲ့တယ်”လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ ဖြေကြားချက်အရ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား လိင်အကြမ်းဖက်မှုတွေ ခံနေရတာဟာ စိုးရိမ်ထိတ်လန့်စရာအဖြေအနေကို ရောက်ရှိနေပြီး နောင်မဖြစ်ပေါ်ဖို့အတွက် အစိုးရ အဖွဲ့အနေနဲ့ ကူညီစောင့်ရှောက်ပေးသင့်တယ်လို့ ဝါးခယ်မ မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013