DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားများ၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ သမ္မတထုတ်ပြန်
DVB
·
March 9, 2017
နိုင်ငံသားများ၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ သမ္မတထုတ်ပြန်
Donate to DVB

နိုင်ငံသားတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို မတရားသိမ်းယူ ဖျက်ဆီးတာတွေမလုပ်ဖို့ တား မြစ်ချက်တွေပါဝင်တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က မတ်လ ၈ ရက် နေ့စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ဒီဥပဒေမှာ တရားရုံးခွင့်ပြုချက်မပါဘဲ ဘယ်သူ့ကိုမှ ၂၄ နာရီထက်ကျော်လွန် မချုပ်နှောင်ဖို့၊ ဘယ်သူမှ ဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် ၀ရမ်းမပါဘဲ နိုင်ငံသားတဦးရဲ့ နေအိမ်နဲ့ အခန်းတွေထဲဝင်ရောက်ရှာဖွေ၊ သိမ်းဆည်း၊ ဖမ်းဆီးတာတွေမလုပ်ဖို့ တားမြစ်ချက်တွေ ပါဝင်ပါတယ်။

လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ နောက်ယောင်ခံ စောင့်ကြည့်စုံစမ်းထောက်လှမ်း တာတွေ မလုပ်ဖို့နဲ့ ဆက်သွယ်ရေးပစ္စည်း ကိရိယာတမျိုးမျိုးနဲ့ ကြားဖြတ်နားထောင်နှောင့်ယှက်တာတွေ မလုပ်ဖို့၊ စာအိတ်တွေ ပါဆယ်ထုပ်တွေကို ဖွင့်ဖောက်ဖျက်ဆီးသိမ်းဆည်းတာတွေ မလုပ်ဖို့ စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ မိသားစုရေးရာကိစ္စတွေမှာ အဓမ္မ ၀င်ရောက်စွက်ဖက်တာ၊ လူတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ တင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်တာမလုပ်ဖို့ ဥပဒေအရ တားမြစ် ထားသလို နိုင်ငံသားတွေ တရားဝင်ရရှိပိုင်ဆိုင်ထားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို မတရားသိမ်းယူ ဖျက်ဆီးတာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရင် အနည်းဆုံး ထောင် ၆ လ ကနေ အများဆုံး ထောင်ဒဏ် ၃ နှစ်နဲ့ ဒဏ်ငွေ ၃ သိန်းကနေ ၁၅ သိန်းအထိ ချမှတ်နိုင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မည်သည့် ရဲတပ်ဖွဲ့စခန်းမှူးမဆို ဒီဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ တိုင်တန်းချက် လက်ခံရှိရင် အရေးယူဆောင်ရွက်ဖို့နဲ့ တာဝန်ကို အကြောင်းမဲ့ပျက်ကွက်ရင် အနည်းဆုံး ၁ နှစ်ကနေ အများဆုံး ၅ နှစ်ထိ ထောင်ဒဏ်အပြင် အနည်းဆုံး ကျပ် ၅ သိန်းကနေ အများဆုံး ၂၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်တယ်လို့ ဥပဒေမှာပြဌာန်းထားပါတယ်။

နိုင်ငံသားတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွပ်လပ်မှုနဲ့ လုံခြုံမှု အပြည့်အ၀ ရရှိခံစားခွင့်ရှိတဲ့အကြောင်းနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူတွေကလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေး နစ်နာဆုံးရှုံးမှု မရှိစေဖို့ ကာကွယ်ပေးရမယ်လို့ ဥပဒေမှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013