DVB Logo
Home
မြန်မာသတင်း
ပတ္တယားတွင် ပြည့်တန်ဆာသံသယဖြင့် လိင်ပြောင်းအမျိုးသား ၅၀ ကို ဖမ်းမိ(ရုပ်သံ)
DVB
·
March 9, 2017
ပတ္တယားတွင် ပြည့်တန်ဆာသံသယဖြင့် လိင်ပြောင်းအမျိုးသား ၅၀ ကို ဖမ်းမိ(ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေမြို့မှာ ယမန်နေ့ မနက်က  ပြည်တန်ဆာ လုပ်ကိုင်တယ်လို့ သံသယရှိသူ အမျိုးသားကနေ အမျိုးသမီးအသွင် လိင်ပြောင်းထားတဲ့ အယောက် ၅၀ ကို ဖမ်းဆီးရမိတယ်လို့ သနေရှင်း သတင်းမှာ ဖော်ပြပါတယ်။

ပတ္တယားကမ်းခြေဒေသဟာ ကမ္ဘာလှည့်ခရီးသည်တွေ အများအပြား လာရောက်လည်ပတ်ေ လ့ရှိတဲ့ အတွက် သူတို့လုံခြုံရေးအတွက်ရော၊ နယ်မြေတွင်း ခိုးမှု ၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှု စတဲ့ မကောင်း မှုဒုစရိုက်တွေ ကင်းစင်စေဖို့ လိုက်လံစစ်ဆေးရှင်းလင်းနေရာမှာ မတ်လ ၈ ရက်မနက်ပိုင်းက ပတ္တ ယားတောင်ပိုင်း ဘိုခေါဝ်လမ်းနဲ့ ဝေါ့ခ်ကင်းစထရိ လမ်းထဲမှာ နိုင်ငံခြားသားတွေကို ပြန်တန်ဆာ ၀န်ဆောင်မှုပေးသူလို့  သံသယရှိသူ ၅၀ ဦးကို ဖမ်းဆီးရမိခဲ့တာလို့  ချွန်းပူးရီးနယ်မြေရဲစခန်း ရဲမှူးကြီး အဘိချိုင်း ကွပ်ဖစ်ခ်ျက မတ်လ ၈ ရက် မနက် ၈ နာရီအချိန် သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။

သူတို့တွေဟာ  တချို့က ကာရာအိုခေဆိုင် ၊ အရက်ဆိုင် ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေပြီး တချို့ကေ တာ့ တခြားကနေ လာရောကိကျက်စားနေတာဖြစ်ကြောင်း ၊ သူတို့ ၅၀ ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုရှိမရှိ စစ်ဆေးရာမှာ ၂ ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲတာရှိပြီး တချို့မှာ ပြည်တန်ဆာ လုပ်ခဲ့တဲ့ အထောက်အေ ထားတွေရှိတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။

သူတို့အားလုံးရဲ့ ကိုယ်ရေးရာဇ၀င်ကို ရဲစခန်းက ရယူထားပြီး ကမ်းခြေတလျှောက် ရာဇ၀တ်မှု နှိမ်နင်းရေးတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့  သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013