DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်​ဝင်​စာ​မေးပွဲ​ဖြေဆိုမှု ချင်းပြည်​နယ်​ ပျက်​ကွက်​မှုရာခိုင်​နှုန်းအများဆုံး
DVB
·
March 9, 2017
တက္ကသိုလ်​ဝင်​စာ​မေးပွဲ​ဖြေဆိုမှု ချင်းပြည်​နယ်​ ပျက်​ကွက်​မှုရာခိုင်​နှုန်းအများဆုံး
Donate to DVB

 

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာမှာ ချင်းပြည်နယ်က ပျက်ကွက်မှု ရာခိုင်နှုန်း အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မတ်လ ၈ ရက်နေ့မှာ စတင်တဲ့ မြန်မာဘာသာဖြေဆိုမှု စာရင်းအရ ၁၆၄၅ ယောက် ပျက်ကွက်ပြီး ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းကျော်ပဲ ရှိတာပါ။ စာရင်းရှိတာက ၁၁၃၆၉ ယောက် ဖြစ်တာကြောင့် ရာခိုင်နှုန်းအရ အများဆုံးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကတော့ ဒုတိယရာခိုင်နှုန်းအများဆုံး ပျက်ကွက်ခဲ့တာပါ။

လူဦးရေအများဆုံး ပျက်ကွက်တာကတော့ ရန်ကုန်တိုင်းဖြစ်ပြီး ဖြေဆိုဖို့ စာရင်းရှိသူ ၁၁၄၂၃၇ ယောက်မှာ ၉၉၈၁ ယောက် ပျက်ကွက်ပါတယ်။

လူဦးရေ ဒုတိယအများဆုံး ပျက်ကွက်တာကတော့ ဧရာဝတီတိုင်းဖြစ်ပြီး စာရင်းရှိသူ ၈၈၅၈၄ ယောက်မှာ ၇၀၀၇ ယောက် ပျက်ကွက်ပါတယ်။

ပျက်ကွက်သူ အနည်းဆုံးကတော့ နိုင်ငံခြားစာစစ်ဌာနဖြစ်ပြီး စာရင်းရှိသူ ၁၇၄ ယောက်မှာ ၁ ယောက် ပျက်ကွက်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013