DVB Logo
Home
မြန်မာသတင်း
အရစ်ကျရောင်းမည့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရန် တောင်သူ ၇၀၀ ကျော် အဆိုပြု
DVB
·
March 9, 2017
အရစ်ကျရောင်းမည့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရန် တောင်သူ ၇၀၀ ကျော် အဆိုပြု
Donate to DVB

အစိုးရက အရစ်ကျရောင်းချပေးမယ့် လယ်ယာသုံး စက်ကိရိယာတွေကို ဝယ်ယူဖို့ တောင်သူ ၇၀၀ ကျော်က အဆိုပြုထားတယ်လို့  စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သတင်းရရှိပါတယ်။

လယ်ယာလုပ်သားရှားပါးမှု ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အခုဘဏ္ဍာနှစ်ကစလို့ လယ်ယာသုံး စက်ကိရိယာတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို ကနဦး ပေးသွင်းပြီး ကျန်ငွေကို သုံးနှစ်အတွင်း ၇ ကြိမ် အရစ်ကျပေးသွင်းရတဲ့စနစ်နဲ့ အစိုးရက ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ပူးပေါင်းရောင်းချပေးသွားမှာ ဖြစ်တယ်လို့ စက်မှုလယ်ယာ ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကိုကိုမောင်က ပြောပါတယ်။

လတ်တလောမှာတော့ လယ်ယာသုံး စက်ကိရိယာတွေကို ရောင်းချပေးနိုင်ဖို့အတွက်  Sonalika, New Holland, Kubota, Daedong ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားပြီး ဝယ်ယူလိုတဲ့ တောင်သူများအနေနဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ လယ်ယာပိုင်ဆိုင်မှု စာရွက်စာတမ်းတွေနဲ့ ဝယ်ယူလိုတဲ့ စက်အမျိုးအစားကို မိမိမြို့နယ်က စက်မှုလယ်ယာ ဦးစီးဌာနတွေမှာ လျောက်လွှာတင်သွင်းနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတော့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာက လယ်ယာသုံး စက်ကိရိယာတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကျော်ကို ကနဦး ပေးသွင်းစေပြီး ကျန်ငွေကို နှစ်နှစ်အတွင်း သုံးကြိမ်ခွဲသွင်းရတဲ့ စနစ်နဲ့ ရောင်းချပေးခဲ့ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013