DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူမည်
DVB
·
March 9, 2017
မန္တလေးတိုင်းတွင် တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူမည်
Donate to DVB

မန္တလေးတိုင်းဒေသကြီးအတွင်း FAO နဲ့ အစိုးရ ပူးပေါင်းပြီး တိရစ္ဆာန် ကျန်းမာရေး ထုတ်လုပ်မှုနဲ့ ဈေးကွက်မြင့်မားရေးမှတဆင့် အပူပိုင်းဒေသ တောင်သူလယ်သမားတွေရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေး စီမံကိန်းအနေနဲ့ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမှုကို မတ်လ ၈ ရက်မှ ၃၁ ရက်နေ့အပြီး မြို့နယ် ၈ ခုမှာ ကောက်ယူမှာ ဖြစ်ပါတယ်။

“မန္တလေးတိုင်းဒေသကြီးအတွင်းမှာ အစိုးရထောက်ပံ့ငွေနဲ့ ဝမ်းတွင်းမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ တံတားဦးမြို့နယ်၊ စဥ့်ကိုင်မြို့နယ်၊ ငါးဇွန်မြို့နယ်၊ မြစ်သားမြို့နယ် ၈ ခုမှာ အစိုးရထောက်ပံ့မှုနဲ့ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်မယ်။ မြင်းခြံနဲ့ မလှိုင်ကတော့ FAO အနေနဲ့ ကောက်တယ်။ မြို့နယ်တွင်းရှိ ရွာတွေမှာ ၆၀ ရာခိုင်နှုန်းသာ စာရင်းကောက်မယ်။ ဘယ်ရွာတွေ ကောက်ရမယ်ဆိုတာ FAO က ရွာအမည်တွေပေးတယ်။ ဝမ်းတွင်းမြို့နယ်မှာ ရွာပေါင်း ၂၁၈ ရွာ ရှိတယ်။ ၆၀ ရာခိုင်နှုန်းအရ ရွာ ၁၃၁ ရွာ ကောက်မယ်။ တရွာကို စာရင်းကောက်မယ့်သူ ၄ ဦးထားပြီး ကောက်မယ်။ ၁၃၁ ရွာအတွက် ၄၆၄ ဦးနဲ့ စာရင်းကောက်ဖို့ လုပ်ထားတယ်။ အိမ်ထောင်စု ၂၈၆၄၆ စုဆီက တိရစ္ဆာန်စာရင်း ယူမယ်။ စာရင်းကောက်ပြီးတဲ့ အိမ်ကို အပေါင်းလက္ခဏာတံဆိပ်လေး ကပ်ခဲ့မယ်” လို့ ပြောပါတယ်။

“ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ အကူအညီနဲ့ စာရင်းကောက်ယူမယ့် လူစာရင်း ပြုစုထားပြီးပါပြီ။ စာရင်းကောက်သူတွေကို နေ့တွက်ပေးမယ် သိရတယ်။ ဘယ်လောက်ပေးမယ်တော့ မသိသေးဘူး။ တိရစ္ဆာန်ဆိုရင် ခွေး၊ ကြောင်၊ ငှက်၊ ကြက်၊ နွား၊ ဆိတ်သိုး၊ ဝက်၊ မြင်း ဘယ်လို တိရစ္ဆာန်ဖြစ်ဖြစ် စာရင်းကောက်မယ့်သူတွေကို ပေးထားတဲ့ပုံစံမှာ ထည့်ရမယ်။ တရက် သင်တန်းပေးမယ်။ ရွာ ၁၃၀ မြို့ပေါ်ရပ်ကွက်တခု ပါတော့ ၁၃၁ ရွာပေါ့” လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ရုံးအုပ်ကြီးက ပြောပါတယ်။

တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမယ့် ရွာအနေအထားနဲ့ အမည်ကို ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO က စာရင်းချပေး သတ်မှတ်ပါတယ်။

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လမ်းညွှန်ပြီး မြို့နယ်တိမွေးကုနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013