DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ် ဖရဲခင်းအတွင်း စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ် တွေ့ရှိ
DVB
·
March 8, 2017
ကနီမြို့နယ် ဖရဲခင်းအတွင်း စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ် တွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဇီးဖြူကုန်းရွာအနောက်ဘက်ရှိ ဖရဲခင်းအတွင်းမှာ မတ်လ ၇ ရက်နေ့ မနက်က စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးငယ်ကို ကနီဆေးရုံကြီးမှာ ကုသပေးနေပါတယ်။

အဆိုပါကလေးငယ်ကို တရုတ်လူမျိုးတွေ စိုက်ပျိုးထားတဲ့ ဖရဲခင်းအတွင်းကနေ တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိစဉ်မှာ ချက်ကြိုး မဖြတ်ရသေးဘူးလို့ သိရပါတယ်။

"မွေးပြီးပစ်ထားခဲ့တာ။ ရွာထဲက လူတယောက်က လယ်ခင်းထဲ အလုပ်ဆင်းသွားတုန်းမှာ တွေ့တာပါ။ ကလေးက တော်တော်ကံကောင်းတယ်။ သူ့ ကျန်းမာရေးကတော့ သိပ်မစိုးရိမ်ရတော့ပါဘူး" လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ဘုတလင်မြို့နယ် သခွတ္တနယ်ဆေးရုံက ချက်ကြိုးဖြတ်ပေးခဲ့ပြီးနောက် ကနီဆေးရုံကြီးမှာ ကုသမှုဆက်လက် ခံယူနေပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013