DVB Logo
Home
မြန်မာသတင်း
မောင်တောခရိုင်တွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလ လုံခြုံရေးတင်းကျပ်
DVB
·
March 8, 2017
မောင်တောခရိုင်တွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလ လုံခြုံရေးတင်းကျပ်
1 / 8
Donate to DVB

 

မတ်လ ၈ ရက်နေ့မှာ စတင်တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပနေချိန်အတွင်း လုံခြုံရေးကို ပိုမိုအလေးထား ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

စာစစ်ဌာနအားလုံးမှာ အနှောင့်အယှက်မရှိဖြေဆိုနိုင်ဖို့ လုံခြုံရေးအပါအဝင် မီးဘေးအန္တရာယ်နဲ့ မတော်တဆမှုတွေ မဖြစ်ရအောင် လုပ်ဆောင်နေကျထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နေတယ်လို့ မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကလေးတွေ အနှောင့်အယှက်မဖြစ်အောင် ဖြေနိုင်ဖို့လုပ်နေပါတယ်။ မြို့နယ်အုပ်ချုပ်ရေးရယ်၊ ရဲတပ်ဖွဲ့ရယ်၊ ပညာရေးရယ်၊ ဌာနဆိုင်ရာတွေရယ် အဖွဲ့တွေလုပ်ထားတာပေါ့။ လုံခြုံရေးအနေနဲ့ ကြိုတင်ကာကွယ်ရေးတွေ လုပ်ထားတယ်။ ဈေးဆိုင်ခန်းတွေ စနစ်တကျရောင်းဖို့၊ ယာဉ်အသွားအလာ စည်းကမ်းရှိဖို့ လုပ်နေပါတယ်။ မြို့ပေါ်လုံခြုံရေးကိုပိုလုပ်တယ်။ စာမေးပွဲ မသမာမှုတွေ မဖြစ်အောင်လည်း မိတ္တူဆိုင်တွေမှာ micro ကူးယူတာတွေ မရှိအောင် ကြပ်မတ်နေတယ်။ ကြိမ်ချောင်းမှာတော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ လုံခြုံရေးတာဝန်ယူပေးထားပါတယ်။ တောင်ပြိုနဲ့ မောင်တောမြို့ပေါ်ကိုတော့ မြိ့နယ်ရဲတပ်ဖွဲ့ကပဲ တာဝန်ယူပေးထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မောင်တောခရိုင်တခုလုံးမှာ မြို့တွင်းယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာဖို့၊ မူးယစ်သေစာ ရောင်းချမှုမရှိစေဖို့၊ ပညာပေးတာ၊ စစ်ဆေးတာတွေပါ လုပ်ဆောင်နေတာပါ။ အထူးသဖြင့် စာစစ်ဌာနတွေနဲ့ နီးကပ်နေတဲ့ ရပ်ကွက်တွေမှာ လှည့်ကင်း၊ ပတ်ကင်းဆောင်ရွက်တာ၊ မီးဘေး ကာကွယ်ရေး၊ မူးယစ်သောက်စားမှုတွေမရှိစေရေးအတွက် လှည့်လည် စစ်ဆေးတာတွေကို စာဖြေသူနဲ့ ပြည်သူတွေအနှောက်အယှက်မဖြစ်စေပဲ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မောင်တောခရိုင်ထဲက မောင်တောမြို့မှာ စာစစ်ဌာန ၅ ခုနဲ့ ဘူးသီးတောင်မှာ စာစစ်ဌာန ၆ ခု ဖွင့်လှစ်ထားပြီး မောင်တောမှာ ကျောင်းသား၊ ကျောင်းသူ ၂ဝ၅၂ ဦးနဲ့ ဘူးသီးတောင်မှာ ၁၈၈၉ ဦး စာမေးပွဲဖြေဆိုဖို့ စာရင်းသွင်းထားပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013