DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်တွင်တိုက်ခိုက်မှုများ ချက်ခြင်းရပ်တန့်ရန် တရုတ်တောင်းဆို
DVB
·
March 8, 2017
မြန်မာနယ်စပ်တွင်တိုက်ခိုက်မှုများ ချက်ခြင်းရပ်တန့်ရန် တရုတ်တောင်းဆို
Donate to DVB

 

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ အခြေအနေ ပိုဆိုးမလာအောင် ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှာ မတ်လ ၇ ရက်နေ့က  ကျင်းပတဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂန်ရွှန်က သတင်းထောက်တွေရဲ့ ကိုးကန့်တိုက်ပွဲကိစ္စ မေးမြန်းချက်ကို  ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ကိုးကန့်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကို တရုတ်နိုင်ငံဘက်က အနီးကပ်စောင့်ကြည့် နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေဟာ တရုတ်နဲ့ မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်း တည်ငြိမ်ရေးနဲ့ သက်ဆိုင်ပါတယ်။  အခြေအနေ ပိုဆိုးမလာအောင် တားဆီးဖို့နဲ့ နယ်စပ်ဒေသမှာ အမြန်ဆုံးပုံမှန်ပြန်ဖြစ်ဖို့ ပတ်သက်သူတွေအားလုံး တိုက်ခိုက်တာတွေကို ချက်ခြင်း ရပ်တန့်သင့်ပါ တယ်။”

တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ချက်အားလုံးကို အားပေးထောက်ခံတယ်၊ သက်ဆိုင်သူတွေအနေနဲ့ မတူကွဲပြားမှုတွေကို ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီး ငြိမ်းချမ်းစွာဖြေရှင်းဖို့ လည်း တရုတ်နိုင်ငံက တောင်းဆိုပါတယ်။

တိုက်ပွဲတွေစကတည်းက နယ်စပ်ဒေသမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတချို့ဟာ ဘေးအန္တရာယ်ကင်းစေဖို့ တရုတ်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာနေကြပြီး တရုတ်ဘက်က လူသားချင်းစာနာမှု အကူအညီတွေပေးနေတယ်လို့ လည်းတရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ မတ်လ ၆ ရက်ကစတင်   ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့်  ထောင်နဲ့ချီတဲ့ ဒေသခံ စစ်ဘေးရှောင်သူတွေဟာ တရုတ်ပြည်ဘက်ကို ထွက်ပြေးခိုလှုံနေကြာတာဖြစ်ပါတယ်။  

တရုတ်ပြည်ဘက်ထွက်ပြေးလာတဲ့  ဒေသခံတဦးက “ဒုက္ခသည် အားလုံး ၂ သောင်း ဝန်းကျင်လောက် ရှိနေပြီ။ အဲဒီထဲမှာ အသိရှိတဲ့ လူတွေက သူတို့အသိအိမ်တွေမှာ အိပ်ကြတယ်။ ဒီမှာ ရောက်တဲ့လူတွေတော့ တရုတ်အစိုးရ အားလုံး ကူညီထားတော့ ဘာမှစိတ်ပူစရာ မရှိပါဘူး” လို့ ပြောပါတယ်။

ကိုးကန့်ဒေသမှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မရှိသေးပါဘူး။

တရုတ်ပြည်နိုင်ငံ အတွင်းဘက် ၂ ကီလိုမီတာ/မိုင်တိုင်အမှတ် ၁၂၆ နဲ့ ၁၂၇ အကြား လက်နက်ကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြောက်ပိုင်းမဟာ မိတ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013