DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျခံမြန်မာ ၂ ဦး လွတ်မြောက်ရေး ဆုတောင်းပွဲ မြို့နယ် ၁၈ ခုတွင် ကျင်းပ
DVB
·
March 8, 2017
Donate to DVB

ထိုင်းနိုင်ငံမှာ သေဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက် လွတ်မြောက်စေရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ် မြို့နယ်အားလုံးမှာ မတ်လ ၇ ရက် ညနေ ၆ နာရီအချိန်က တပြိုင်နက်တည်း ဆုတောင်းပွဲတခုကို ရခိုင်အမျိုးသမီးအစည်းအရုံး (RWU)က စီစဉ်ကျင်းပခဲ့ကြပါတယ်။

ဒီဆုတောင်းပွဲတွေကို ရခိုင်အမျိုးသမီးအစည်းအရုံးဝင်တွေနဲ့အတူ သံဃာတော်တွေ၊ စိတ်ပါဝင်စားသူ အချို့ပါ ပူးပေါင်းပါဝင်ပြီး ကျင်းပကြတာပါ။

“သူတို့နှစ်ယောက်အတွက် တကယ်လည်း စိတ်မကောင်းပါဘူး။ တကယ်လည်း ခံစားရတယ်။ ဒါကြောင့် သူတို့ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲလုပ်တာ ဖြစ်ပါတယ်။ မေတ္တသုတ်၊ မောရသုတ်ရွတ်၊ ပရိတ်တော်တွေ ရွတ်မယ်။ ပန်း၊ ဆီမီး၊ နံ့သာတွေနဲ့ ပူဇော်ကြမယ်”လို့ ဘူးသီးတောင်မြို့မှာ မေတ္တာပို့ဆုတောင်းပွဲ တက်ရောက်သူ အေးစေတီကျောင်းက ဦးနာဂဝံသက ပြောပါတယ်။

ဦးဆောင်ကျင်းပသူတွေက ဒီညနေ ဆုတောင်းပွဲတွေကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုအပြင် ပလက်ဝမြို့နယ်မှာပါ ကျင်းပဖို့ စီစဉ်ထားပြီး ညနေ ၆ နာရီမှာ တပြိုင်တည်း ကျင်းပသွားဖို့ရှိတယ်လို့ ပြောပါတယ်။ ဆုတောင်းပွဲဆိုပေမယ့် မြန်မာနိုင်ငံအစိုးရအနေနဲ့ ထိုင်းအစိုးရကို တိုက်တွန်းပေးနိုင်ဖို့ သတိထားမိအောင် ဆောင်ရွက်ရတာလို့လည်း ပြောပါတယ်။

ရခိုင်အမျိုးသမီးအစည်းအရုံးက စောသန်းအေးက “အခုလို ဆုတောင်းရတာလည်း မြန်မာ တနိုင်ငံလုံးဟာ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ မိသားစုနဲ့အတူတူ ခံစားရတယ် ဆိုတာကို ပြသတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရကလည်း ထိုင်းအစိုးရကကို ဥပဒေနဲ့အညီ တရားမျှတမှုရရှိအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းပေးစေချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရတဲ့အမှုမှာ မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့နှစ်ဦးကို ကော့စမွီခရိုင် ဆရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး အယူခံတရားရုံးက အောက်ရုံးက ချမှတ်တဲ့ ပြစ်ဒဏ်ကို ထပ်မံအတည်ပြုထားပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013