DVB Logo
Home
မြန်မာသတင်း
ပိုင်ရှင်မဲ့ ၆ ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသားများ ဖမ်းမိ
DVB
·
March 8, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်မှာ မတ်လ ၇ ရက်နေ့ မနက် ၃ နာရီအချိန်က ၆ ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသားတွေကို  ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။

မတ်လ ၇ ရက် မနက် ၃ နာရီအချိန် ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင် ဦးဆောင်တဲ့ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ရွှေဘို-မြစ်ကြီးနား ကားလမ်းမ မိုင်တိုင်အမှတ် ၉၂/၂ အနီး ကချင်ကုန်း လမ်းသွယ်မှာ ယာဉ်အမှတ် သ/၃၂၉ အပြာရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှာ တရားခံတွေ ထွက်ပြေးသွားပါတယ်။ ယာဉ်ပေါ်ပါ ပစ္စည်းတွေကို သက်သေတွေနဲ့အတူ စစ်ဆေးရာ စပါးခွံအိတ်တွေနဲ့ ဖုံးအုပ်ထားပြီး တရားမဝင်တင်ဆောင်လာတဲ့ ကျွန်းခွဲသား ဆိုဒ်စုံ ၂၄၇ ချောင်း (၂ ဒသမ ၀၃၁၄) တန် ကာလတန်ဖိုး ၆ သိန်းခန့် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့တဲ့ ၆ ဘီးယာဉ်ကို ကောလင်းမြို့မရဲစခန်းက သစ်တောဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ယာဉ်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်နေတယ်လို့ ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်က ပြောပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013