DVB Logo
Home
မြန်မာသတင်း
ဒုတိယပင်လုံညီလာခံ သင်္ကြန်မတိုင်မီကျင်းပရန်လျထား
DVB
·
March 8, 2017
ဒုတိယပင်လုံညီလာခံ သင်္ကြန်မတိုင်မီကျင်းပရန်လျထား
Donate to DVB

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် ပင်လုံညီလာခံကို သင်္ကြန်မတိုင်မီ ကျင်းပဖို့ လျာထားတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

မတ်လထဲမှာ ကေအန်ယူ ဗဟိုကော်မတီ အစည်းအဝေးပွဲ ရှိနေသလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ဆုံးဖြတ်ချက်တွေကို စုစည်းရမှာ ရှိနေတာကြောင့် မတ်လထဲမှာ မလုပ်နိုင်တာလို့လည်း သူက ပြောပါတယ်။

“မတ်လထဲမှာက ကေအန်ယူညီလာခံက မပြီးဘူးဖြစ်နေတယ်။ ပြီးခဲ့တဲ့ အမျိုးသားအဆင့်ရယ် ဒေသအလိုက်ရယ် အကြောင်းအရာအလိုက်ရယ် ရရှိတဲ့အချက်တွေကို အစီရင်ခံစာတွေ ပြုစုရမယ်။ ကြားဖြတ်ရွေးကောက်ပွဲကလည်း နီးပြီလေ။ အဲ့လို အကြောင်းကြောင်းတွေပေါ့။ သင်္ကြန်မတိုင်ခင်တော့ ဖြစ်မယ်လို့ ကျနော်တို့ အကြမ်းဖျဉ်း လျာထားတာပါ။”

အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တို့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ နှစ်ဘက် ကြိုတင်သဘောတူညီမှု ရထားပြီးပြီလို့လည်း ပြောပါတယ်။

အစက ဒုတိယအကြိမ် ပင်လုံညီလာခံကို ဖေဖော်ဝါရီလကုန်ပိုင်း ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ပထမအကြိမ် ပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ်လထဲ ကျင်းပခဲ့ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပါဝင်သင့် ပါဝင်ထိုက်သူတွေ၊ ပြည်တွင်းပြည်ပဧည့်သည်တွေ စုစုပေါင်း ၇၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013