DVB Logo
Home
မြန်မာသတင်း
Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းကို မဘသ အမှုဖွင့်
DVB
·
March 8, 2017
Myanmar Now အယ်ဒီတာချုပ် ဦးဆွေဝင်းကို မဘသ အမှုဖွင့်
Donate to DVB

Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းကို မဘသ အဖွဲ့ဝင်တဦးက ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ မနေ့က မန္တလေး မဟာအောင်မြေရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

ဦးဆွေဝင်းဟာ ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ အမှုမှန်ပေါ်အောင် စုံစမ်းရေးသားနေသူ ဖြစ်သလို အင်းဝအပ်ချုပ်ဆိုင် မိသားစုက အိမ်အကူမိန်းကလေး ၂ ဦးကို နှိပ်စက်တာနဲ့ ပတ်သက်လို့ ဖော်ထုတ် ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ကို မန္တလေး မဘသ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေက မဟာအောင်မြေ အမှတ် ၇ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတာပါ။

ဦးဆွေဝင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရွေးကောက်ပွဲအပြီး အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ၊ ဦးဝီရသူ ပါရာဇိကကျပြီဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားတာဖြစ်တယ်လို့ ဦးဆွေဝင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။

ရဲတပ်ဖွဲ့က လာရောက်ဆက်သွယ်တာ မရှိသေးဘဲ အဓမ္မဝါဒီတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီး ထွက်ပြေးမှာမဟုတ်ဘူးလို့လည်း ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013