DVB Logo
Home
မြန်မာသတင်း
ကျွန်းလှမြို့နယ်အတွင်း ၃ ရက်ဆက်တိုက် တရားမဝင်သစ်များ ဖမ်းမိ
DVB
·
March 8, 2017
ကျွန်းလှမြို့နယ်အတွင်း ၃ ရက်ဆက်တိုက် တရားမဝင်သစ်များ ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ထဲမှာ အဖွဲ့ပေါင်းစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့က တောနင်းရှာဖွေဖမ်းဆီးမှုတွေ ဆောင်ရွက်ရာ ၃ ရက်အတွင်းမှာ တရားမဝင် သစ်မျိုးစုံနဲ့ ခွဲသားမျိုးစုံ တန် ၄၀ ခန့် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

စီမံချက်အရ အဖွဲ့စုံမှ တရားမဝင် သစ်ဖမ်းဆီးမှုတွေ ဆောင်ရွက်ရာ မတ်လ ၄ ရက် ညက မော်ကယ်အရှေ့ကျေးရွာတောင်ဘက် ၄ မိုင်ခန့်အကွာမှာ ကျွန်းလှမြို့နေသူ စိုးမြင့်ကို သက်သေခံပစ္စည်း ကျွန်းသစ်၊ တခြားသစ်မာမျိုးစုံ၊ ခွဲသားမျိုးစုံ စုစုပေါင်း ၆ တန်ခွဲခန့်၊ ကာလတန်ဖိုး ၇ သိန်းခွဲခန့်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း မော်ကယ်အရှေ့ကျေးရွာ အနောက်ဘက် ၈ မိုင်ခန့်အကွာ ကျွန်းလှမြို့နေသူ စိန်မောင်ဝင်းကိုလည်း ကျွန်းသစ်နဲ့ တခြားသစ်မာမျိုးစုံ၊ သစ်ခွဲသားမျိုးစုံ စုစုပေါင်း ၂၆ တန်ကျော် ကာလတန်ဖိုး ၃၂ သိန်းခန့်နဲ့အတူ ဖမ်းမိခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့မှာလည်း ရွာကုန်းကြီးကျေးရွာ၊ ကွက်သစ်လမ်းမှာ သန်းဝင်း မောင်းနှင်လာတဲ့ ဟီးနိုးအစိမ်းရောင် နံပါတ်မပါ ကားပေါ်မှ တရားမဝင် အင်ခွဲသားဆိုက်စုံ ၂၇၉ ချောင်း (၆ ဒသမ ၂၆၅ တန်)၊ ကာလတန်ဖိုး ၅ သိန်းခန့်နဲ့ တရက်တည်းမှာပဲ  အင်းလျားရှည်ကျေးရွာဆိပ်ကမ်းမှာ ကာလတန်ဖိုး ၁၃၂၀၀၀ ကျပ် တန်ဖိုးရှိ သစ်မာ ၂၀ လုံး (၀ ဒသမ ၈၈တန်) ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိမှုတွေနဲ့ပတ်သက်ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013