DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 7, 2017
ပြောင်းလဲနေတဲ့ ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြည်ပကို အဓိက တင်ပို့နေတဲ့ မတ်ပဲက ဈေးတက်လာတာကို တွေ့ရပါတယ်။ ဒီနေ့ပေါက်ဈေးက တစ်တန်ကို ငွေကျပ် ဆယ်သိန်းလေးသောင်းနှစ်ထောင်ရှိနေပြီး ၄၁၀၀၀ ဈေးတက်လာပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံ ဟာလည်း ဒီနေ့ပေါက်ဈေးက ခုနှစ်သိန်းငါးသောင်းတစ်ထောင်ပေါက်ဈေးရှိနေပြီး ၂၃၀၀၀ ဈေးတက်လာပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ တစ်ပိဿာကို ငွေကျပ် ၁၁၅၀ ရှိပြီး ငွေကျပ် ၅၀ ဈေးတက်လာပါတယ်။

နှမ်းနက်
မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းနက် တစ်အိတ်ကို ငွေကျပ် ၃၀၀၀ ဈေးကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၉၂၀၀၀ ဈေးရှိပါတယ်။

နှမ်းညို
နှမ်းညိုကတော့ ၇၀၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက ၇၅၀၀၀ ကျပ်ကနေ ၈၂၀၀၀ ကျပ်ဈေးရှိနေပါတယ်။

ပဲပုတ်
ပဲပုတ် (ဗမာ) ကလည်း ဒီနေ့ပေါက်ဈေးက ၅၅၀၀၀ ကျပ်ကနေ ၁၆၅၀၀ ကျပ်ဈေးရှိပြီး ငါးရာ ဈေးတက်လာပါတယ်။

စားအုန်းဆီ
စားအုန်းဆီကတော့ တစ်ပိဿာကို ၁၀ ကျပ် လောက် ကျဆင်းသွားပြီး ဒီနေ့ပေါက်ဈေးက ၁၉၅၀ ဈေးရှိနေပါတယ်။

ဖရဲသီး
မူဆယ်ကုန်စည်ဒိုင်မှာ ဖရဲသီး ၈၅၅ ပေါက်ဈေးက တစ်တန်ကို ၃၄၅၆၀၀ ကျပ် ပေါက်ဈေးရှိနေပြီး တစ်တန်ကို ငွေကျပ် ၃၈၀၀၀ ကျပ် ကျဆင်းသွားပါတယ်။

အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။
သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013