DVB Logo
Home
မြန်မာသတင်း
ဥပဒေအထက်မှာ အဖွဲ့အစည်းအများကြီးရှိတယ်လို့ ခံစားရဟု သူရဦးရွှေမန်းပြော (ရုပ်သံ)
DVB
·
March 7, 2017
ဥပဒေအထက်မှာ အဖွဲ့အစည်းအများကြီးရှိတယ်လို့ ခံစားရဟု သူရဦးရွှေမန်းပြော (ရုပ်သံ)
Donate to DVB


ဥပဒေရဲ့ အထက်မှာ အဖွဲ့အစည်းအများကြီးရှိတယ်လို့ ခံစားရတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိတရားဥပဒေစိုးမိုးမှု အခြေအနေနဲ့ ပတ်သက်ပြီး ဒီကနေ့ မတ်လ ၇ ရက်နေ့ က ဒီဗွီဘီသတင်းဌာနနဲ့ သီးသန့်အင်တာဗျုးမှာ သူရဦးရွှေမန်းက အခုလို ပြောတာပါ။

“အမှန်ကတော့ ကျနော်ကိုတောင် မမေးဘဲနဲ့ ပြည်သူတွေအားလုံး သိနေတဲ့ ကိစ္စပါ။ အားရစရာ မကောင်းပါဘူး။ စိတ်လည်း မကောင်းပါဘူး။ ဒါကြောင့် တရားဥပဒေစိုးမိုးမှု ဒီနေ့လို လျော့ရဲတဲ့ကာလ အတွက် အထိခိုက်ခံရဆုံးက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူဘက်ကနေ ကျနော်စိတ်မကောင်းဘူး။ ပြည်သူ့ ဘက်က နာတယ်လို့တောင် ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

တရားဥပဒေအထက်မှာ လူတစ်ယောက် သို့မဟုတ် အဖွဲ့တဖွဲ့ပဲဖြစ်ဖြစ် ရှိနေသရွေ့ တရားဥပဒေ မစိုးမိုးနိုင်သလို တရားဥပဒေစိုးမိုးမှုကို မဖြစ်ထွန်းစေနိုင်တဲ့ ကိစ္စဖြစ်တယ်ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အခုဥပဒေအထက်မှာ အများကြီှးရှိနေတယ်လို့ ခံစားရလားဆိုတဲ့ မေးခွန်းကိုတော့ အခုလိုပြန်လည်ဖြေဆိုပါတယ်။

“ဥပဒေအထက်မှာ ခံစားတယ်ဆိုတဲ့အခါကျတော့ ဒီနေ့ဖြစ်ပေါ်နေတဲ့အနေအထားကြည့်ပြီးတော့ ခုနကကဲ့သို့ ခံစားရတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ဘယ်ဘက်က ခံစားလည်းဆို ပြည်သူဘက်က” လို့ ပြောပါတယ်။
တရားဥပဒေစိုးမိုးဖို့ဆိုရင် ပြည်သူအားလုံး တရားဥပဒေကို နားလည်တာ အကောင်းဆုံးပဲလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013