DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်ရွေးကောက်ပွဲ လုံခြုံရေး စိုးရိမ်စရာမရှိဟု ကော်မရှင်ပြော
DVB
·
March 7, 2017
ရှမ်းပြည်နယ်ရွေးကောက်ပွဲ လုံခြုံရေး စိုးရိမ်စရာမရှိဟု ကော်မရှင်ပြော
Donate to DVB

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်းက လစ်လပ်မဲဆန္ဒနယ်မြေတွေဖြစ်တဲ့ မိုင်းရှူး၊ ကျေးသီးမြို့တွေမှာ မူလသတ်မှတ်ထားတဲ့ ပုံစံအတိုင်း ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက မတ်လ ၇ ရက်မှာ ပြောပါတယ်။

မိုင်းရှူး၊ ကျေးသီးမြို့တွေမှာ နယ်မြေမတည်ငြိမ်တာတွေမျိုး ရှိတတ်တဲ့အတွက် မဲရုံတွေကို ပူးပေါင်းကျင်းပမယ်ဆိုပြီး သတင်းတွေ ထွက်နေတဲ့အပေါ်မှာ ပြန်လည်ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကျေးသီးနဲ့ မိုင်းရှူးမှာ အခုအချိန်အထိ မဲပေးဖို့ ပြဿနာမရှိတဲ့အကြောင်း၊ ကော်မရှင်အဖွဲ့ခွဲတွေ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ ဖွဲ့ထားတဲ့ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီတို့က ဆောင်ရွက်မှုတွေ ရှိနေတဲ့အတွက် အခုအချိန်ထိ စိုးရိမ်စရာမရှိဘူးလို့လည်း ပြောပါတယ်။

မိုင်းရှူး၊ ကျေးသီးမြို့နယ်တွေဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက နယ်မြေအေးချမ်းမှုမရှိလို့ ရွေးကောက်ပွဲ ကျင်းပခွင့်မရခဲ့တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013