DVB Logo
Home
Lead Story
လောက်ကိုင်မြို့နောက်ဆုံးအခြေအနေ - ဒီဗွီဘီသတင်းထောက် ခွန်ဇော်ဦးရဲ့ ပြောပြချက်
DVB
·
March 7, 2017
လောက်ကိုင်မြို့နောက်ဆုံးအခြေအနေ - ဒီဗွီဘီသတင်းထောက် ခွန်ဇော်ဦးရဲ့ ပြောပြချက်
1 / 2
Donate to DVB

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ခွန်ဇော်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုခွန်ဇော်ဦးက အခု လောက်ကိုင်မြို့ကို ရောက်နေပြီဆိုတော့ အဲဒီက လုံခြုံရေးအခြေအနေ ဘယ်လိုရှိလဲ။

“လက်ရှိ မြို့ပေါ်မှာတော့ သေနတ်သံတွေ၊ ပစ်ခတ်သံတွေတော့ မကြားရတော့ဘူးခင်ဗျ။ မြို့ပေါ်မှာတော့ တပ်မတော်ဘက်ကနေ သံချပ်ကာကားတွေ လှည့်နေတာတော့ တွေ့ရတယ်။ လမ်းတလျှောက်မှာ တပ်မတော်က လုံခြုံရေးတွေ တိုးမြှင့်ချထားတာ တွေ့ရတယ်ခင်ဗျ။”

လောက်ကိုင်မြို့မြင်ကွင်းအခြေအနေကရော ဘယ်လိုဖြစ်နေလဲ။

“မြို့ပေါ်မှာတော့ လူတွေ ခြောက်ကပ်နေပြီခင်ဗျ။ တော်တော်များများကတော့ ရရာကားတွေနဲ့ အောက်ကို ပြန်ဆင်းသွားကြတယ်။ ဆိုင်ကယ်တွေနဲ့ ဆင်းသွားကြတယ်။ ချင်းရွှေဟော်၊ ကွန်လုံ၊ လားရှိုးဘက်ပေါ့နော်။”

မြို့ပေါ်မှာရော အပျက်အစီးတွေက ဘယ်လိုမျိုးရှိလဲ။ ဘာတွေမြင်ရလဲ။

“လက်ရှိအခြေအနေကတော့ ပျက်စီးတဲ့ဘက်တွေကို ကျနော် မရောက်သေးဘူးခင်ဗျ။ အခုလက်ရှိ ငြိမ်းချမ်းရေးကျောက်တိုင်နား၊ ဗမာတန်းအနားလေးမှာတော့ အားလုံးက ပုံမှန်အတိုင်းပဲ ရှိနေတယ်။ မြို့အဝင်မှာ ကျနော် စတွေ့တာက မီးခိုးလုံးတွေ ကောင်းကင်မှာ တက်နေတာတော့ တွေ့ရတယ်ခင်ဗျ။

အဲဒီနေရာကိုရော သွားဖို့က လုံခြုံရေးဖြစ်နိုင်လား။

“လတ်တလောအခြေအနေက မဖြစ်နိုင်သေးဘူးခင်ဗျ။ အခုလောလောဆယ် မထွက်ရအမိန့် ထုတ်ထားတဲ့ အနေအထား ရှိတယ်ဗျ။ လောလောဆယ် သွားလို့မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညမထွက်ရအမိန့် ထုတ်ထားတယ်လေ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013