DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့နယ်တွင် ဆွံ့အနေသည့် ဒေသခံတဦး အရိုက်နှက်ခံရပြီး သေဆုံး
DVB
·
March 7, 2017
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နမ့်တီးနှင့် လွယ်ဆာကျေးရွာကြားမှာရှိတဲ့ တောရကျောင်းနားမှာ အရိုက်နှက်ခံထားရပြီး သေဆုံးနေတဲ့ ဆွံ့အနေသူ ဦးအိုက်အာရဲ့ အလောင်းကို မတ်လ ၆ ရက်နေ့ မနက် ၇ နာရီမှာ ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။

“အလောင်းတွေ့တော့ ကျနော်တို့ကို လာပြောတယ်။ ပြီးတော့ ရဲတွေနဲ့ သွားကြည့်တယ်။ သွားကြည့်တော့ သူက ခြေသလုံးမှာ တုတ်နဲ့ ရိုက်ထားတဲ့ ဒဏ်ရာ ၂ ချက်ရှိတယ်။ ခေါင်းမှာတော့ အချွန်တခုခုနဲ့ ထိုးထားတဲ့ ဒဏ်ရာ ၃ ချက် တွေ့တယ်။ အဲဒါကို ဆေးရုံမှာ ဆေးစစ်ချက်ယူပြီး မနေ့က သဂြုင်္ိဟ်လိုက်ပြီ” လို့ တအာင်း စာပေယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဦးအိုက်ဆာက နေ့စဉ် နမ့်တီးဘက်မှာရှိတဲ့ ကြံခင်းဘက်တွေမှာ ကြုံရာကျပန်း နေ့စားအလုပ်လုပ်ကိုင်လေ့ရှိသူဖြစ်ပြီး  စကားကလည်း ပီပီပြင်မပြောနိုင်လို့ လက်ဟန်ခြေဟန်ပြပြီး စကားပြောနေရတဲ့ လူတဦးလည်း ဖြစ်ပါတယ်။

“သူ့က သူ့အမေအိုကြီးကို လုပ်ကျွေးနေရတယ်။ သူ့အမေလည်း ပြန်မလာတော့ စိတ်ပူနေတယ်။ ညဆိုတော့ ဘယ်သူမှ သွားမရှာရဲကြဘူး။ အဲဒီကို မနက်ရောက်မှပဲ နမ့်တီး အုပ်ချုပ်ရေးမှူးက အလောင်းတွေ့တယ်ဆိုပြီိး လွယ်ဆာရွာက လူတွေကို လှမ်းပြောမှပဲ သူ့ကို တွေ့တယ်” လို့ အလောင်းသွားရောက်ကြည့်သူ အီဂီဂျားက ပြောပါတယ်။

နေ့စားသွားအလုပ်လုပ်သွားလုပ်တာဖြစ်လို့ ပိုက်ဆံအမြဲယူလာတဲ့အတွက် ပိုက်ဆံလိုချင်လို့ ရိုက်တာလည်း ဖြစ်နိုင်သလို  ခြေထောက်မှာလည်း တုတ်နဲ့ ရိုက်နှက်ထားတဲ့ ဒဏ်ရာကတော့ စစ်ဆေးမေးမြန်းပြီး ရိုက်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ နမ့်ခမ်းတအာင်းစာပေ တာဝန်ရှိသူက သုံးသပ်ပြောပါတယ်။  

ဒီအမှုနဲ့ပတ်သက်ပြီးရဲက ဆေးစစ်ချက်တွေယူပြီး ဆက်လက်စုံစမ်းလျက်ရှိနေပါတယ်။

သတင်း - နိုင်နိုင်

Photo- မှတ်တမ်းနှင့် သုတေသနဌာန - TWO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013